ပြည်ထောင်စုဝန်ကြီးများ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲအား လက်ခံတွေ့ဆုံ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး တို့သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်း ရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Sajjad Mohammad Sajid ဦးဆောင်သော အဖွဲ့ကို ဇွန်လ ၂၆ ရက်တွင် သက်ဆိုင်ရာဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနနှင့် UNOCHA တို့အကြား သဘောတူညီမှုစာလွှာ လက်မှတ် ရေးထိုးရန် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အခြေအနေများ၊ UNOCHA မှ နိုင်ငံ ခြားသားဝန်ထမ်းများ၏ ပြည်ဝင်ခွင့်ကိစ္စရပ်များနှင့် တိုင်းဒေသကြီး/ပြည်နယ်များ သို့ ခရီးသွားလာခွင့်ကိစ္စရပ်များ၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးကိစ္စရပ်များ နှင့် UNOCHAက ဆောင်ရွက်မည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန် ရေးလုပ်ငန်းအစီအစဉ်ရေးဆွဲရာတွင် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ နှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန်တို့ကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။
  • နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာအစိုးရနှင့်ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) တို့အကြား လတ်တလော ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။

တွေ့ဆုံပွဲအသီးသီးသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၆-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီးများ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲအား လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာအစိုးရနှင့် UNOCHA တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများ၊ UNOCHA မှ နိုင်ငံခြားသား ဝန်ထမ်းများ၏ ပြည်ဝင်ခွင့်ကိစ္စရပ်များနှင့် တိုင်းဒေသကြီး/ပြည်နယ်များသို့ ခရီး သွားလာခွင့်ကိစ္စရပ်များ၊ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးကိစ္စရပ်များနှင့် UNOCHA က ဆောင်ရွက်မည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စများ အား ဆွေးနွေးခဲ့။

 

Add new comment