တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

       

တရားမဝင်ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာဖြစ်သည့် Khit Thit Media မှ တင်ထားသော ဆီဆိုင်မြို့နယ်တွင် တပ်မတော်နှင့် PNO အဖွဲ့က စစ်အသုံးစရိတ်ဟုဆိုကာ တစ်အိမ်လျှင် ၅ သိန်း ကျပ်မှ ၈ သိန်းကျပ်အထိ လိုက်လံကောက်ခံနေဟူသည့်သတင်းနှင့်ပတ်သက်၍ ၎င်းမြို့နယ်အတွင်း မည်သည့်ငွေကြေးမျှကောက်ခံခြင်းမရှိဘဲ လုပ်ကြံရေးထားသည့် သတင်းအမှားသာဖြစ်ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် Khit Thit Media မှ တင်ထားသော မတ္တရာမြို့နယ်၊ ပြည်သာအေးကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ဟူသည့် သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါကျေးရွာ အတွင်းရှိ နေအိမ်များမှ PDF အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်ခဲ့၍ ဆုတ်ခွာထွက်ပြေးသွားခဲ့ရာ နေအိမ်များအတွင်းမှ လက်လုပ် စိန်ပြောင်းများ၊ လက်လုပ်မိုင်းများ၊ လက်လုပ်ဗုံးသီးများနှင့် ဖောက်ခွဲရေးပစ္စည်း များကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် Khit Thit Media မှ တင်ထားသော စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများထိခိုက်ဒဏ်ရာရရှိခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ဖြစ်စဉ်အမှန်မှာ အဆိုပါမြို့နယ်ရှိ ကျေးရွာအချို့တွင် အကြမ်းဖက်သမားများ စုဖွဲ့နေသည့်နေရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးမှုများရှိခဲ့ပြီး တချို့မှာထွက်ပြေးသွားခဲ့ကြောင်းနှင့် ဒေသခံ ပြည်သူများ ထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရ။

နိုင်ငံတော်အစိုးရမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ် သည့်နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများအပေါ် စိုးရိမ်ထိတ်လန့်စေရန်နှင့် ရွံရှာမုန်းတီးစေရန်အတွက် အမျိုး မျိုးသော မဟုတ်မမှန်ကောလာဟလသတင်းအမှားများကို အွန်လိုင်း‌ပေါ်မှ ဝါဒဖြန့်လှုံ့ ဆော်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၆-၂၀၂၄)

  • ဆီဆိုင်မြို့နယ်တွင် တပ်မတော်နှင့် PNO အဖွဲ့က စစ်အသုံးစရိတ်ဟုဆိုကာ တစ် အိမ်လျှင် သိန်းကျပ်မှ သိန်းကျပ်အထိ လိုက်လံကောက်ခံနေဟူသည့်သတင်း နှင့်ပတ်သက်၍ ၎င်းမြို့နယ်အတွင်း မည်သည့်ငွေကြေးမျှကောက်ခံခြင်းမရှိကြောင်း သိရှိရ။
  • မတ္တရာမြို့နယ်၊ ပြည်သာအေးကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီး ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
  • စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများထိခိုက်ဒဏ်ရာရရှိခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်း အမှားဖြစ်ပြီး အမှန်မှာ အကြမ်းဖက်သမားများ စုဖွဲ့နေသည့်နေရာများကိုသာ ပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒေသခံများ ထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရ။

 

Add new comment