(၁၉) ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရန် တီဟီရန်မြို့၌ ရောက်ရှိ နေသည့် ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ဇွန် ၂၄ ရက်တွင် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Maris Sangiampongsa နှင့်လည်းကောင်း၊ နီပေါနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Narayan Kaji Shrestha Prakash နှင့်လည်းကောင်း၊ ကာတာနိုင်ငံ State Minister of Foreign Affairs Mr. Soltan Saad S. K. Al-Moraikhi နှင့်လည်းကောင်း တီဟီရန်မြို့၌ သီးခြား စီတွေ့ဆုံခဲ့ပါသည်။
- ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနှင့်ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံအပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရေး၊ အေစီဒီ၊ အာဆီယံနှင့် ဘင်းမ်စတက်မျက်နှာစာ တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။
- နီပေါဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနှင့် နီပေါ နိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံ အကြား ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ များ၌ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ နိုင်ငံတကာမျက်နှာစာ တွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။
- ကာတာ State Minister of Foreign Affairs နှင့်တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများ ကို ထည့်သွင်းရှင်းလင်းပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး၊ အေစီဒီအဖွဲ့တွင်း ပူးပေါင်း ဆောင်ရွက်မှုများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ် စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
အဆိုပါတွေ့ဆုံပွဲများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်ကြသည့် အီရန်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့် မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၆-၂၀၂၄)
- ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ထိုင်း၊ နီပေါနှင့်ကာတာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် တီဟီရန်မြို့၌ သီးခြားစီတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့အား ဆွေး နွေးခဲ့။
- ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကာတာ State Minister of Foreign Affairs နှင့်တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေ မှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ထည့်သွင်း ရှင်းလင်းပြောကြားခဲ့။
Add new comment