ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ ဆိုင်ရာ အစီရင်ခံစာအပေါ် မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ ဆိုင်ရာ အစီရင်ခံစာတွင် ပါဝင်သည့် အခြေအမြစ်မရှိသော စွပ်စွဲချက်များကို မြန်မာ နိုင်ငံအနေဖြင့် ကန့်ကွက်ပယ်ချပြီး၊ အပြုသဘောဆောင်သော ချဉ်းကပ်မှုဖြင့် မျှတမှုရှိ ပြီး ယုံကြည်လက်ခံနိုင်သော အစီရင်ခံစာများကို ထုတ်ပြန်ရန် ကုလသမဂ္ဂအား တောင်း ဆိုကြောင်း လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီက ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

ထုတ်ပြန်ချက်

မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂ ဒါဇင်ကျော်နှင့်ပတ်သက်သော ဖော်ပြချက် များပါဝင်သည့် ၂၀၂၃ ခုနှစ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ် များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါအစီရင်ခံစာပါ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဖော်ပြချက်တွင် အတည် မပြုနိုင်သော သတင်းရင်းမြစ်များနှင့် အစိုးရကို ဆန့်ကျင်သည့် အုပ်စုများထံမှ ရရှိသော အချက်အလက်များအပေါ် အခြေခံထားသည့် အခြေအမြစ်မရှိသော တစ်ဖက်သတ်စွပ် စွဲချက်များနှင့် မမှန်ကန်သည့် ကိန်းဂဏန်းများ ပါဝင်သည်ကို တွေ့ရှိရသည်။ ထို့အပြင် အစီရင်ခံစာ၌ ချိုးဖောက်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူများနှင့် ပတ်သက်၍ ရှင်းလင်း စွာ ဖော်ပြထားခြင်းမရှိသဖြင့်   ထင်ယောင်ထင်မှားဖြစ်စေသည်။ ထို့ပြင် တပ်မတော်က ကျူးလွန်သည်ဟု စွပ်စွဲဖော်ပြထားသည့် စာရင်းတွင် လက်နက်ကိုင်အဖွဲ့အမျိုးမျိုး၏ ကျူးလွန်မှုများအား ထည့်သွင်းထားသည်ကိုလည်း တွေ့ရှိရသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ ဆိုင်ရာ အထူးကိုယ်စားလှယ်၏ မေတ္တာရပ်ခံချက်အရ မြန်မာအစိုးရက အချက်အလက် များအား အစီရင်ခံစာ မထုတ်ပြန်မီ ကြိုတင်ပေးပို့ခဲ့သော်လည်း ယင်းအချက်များကို အစီရင်ခံစာတွင် ထင်ဟပ်ဖော်ပြထားခြင်း မရှိသည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း တွင် ပါဝင်သည့် ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးများကို ကာကွယ်စောင့် ရှောက်လျက်ရှိသည်။ ကလေးသူငယ်ဥပဒေ (၁၉၉၃) ကို ပြင်ဆင်အစားထိုးခဲ့သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉) တွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများအား အရေးယူအပြစ်ပေးရန် ထည့်သွင်းပြဋ္ဌာန်းထားပြီးဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ၏ ဦးဆောင် မှုဖြင့်လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန် မှုများမှ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ အမျိုးသား အဆင့် တိုင်ကြားမှုယန္တရားအဖြစ်   4 Digits (1566)  Helpline ဝန်ဆောင်မှုကို ၂၀၂၂  ခုနှစ်၊ အောက်တိုဘာလတွင် စတင်ဆောင်ရွက်ခဲ့သည်။

အရွယ်မရောက်သေးသူများအား စစ်မှုထမ်းစေသည်ဟူသော စွပ်စွဲမှုများနှင့်စပ် လျဉ်း၍ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးရေးကော်မတီသည် ကုလသမဂ္ဂစောင့်ကြည့်လေ့လာ အစီရင်ခံတင်ပြရေးလုပ် ငန်းအဖွဲ့(UN Country Task Force on Monitoring and Reporting)နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ကော်မတီအနေဖြင့် ၂၀၁၂ ခုနှစ်မှစ၍ CTFMR  နှင့် အစည်းအဝေး စုစုပေါင်း ၅၈ ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။   မြန်မာနိုင်ငံအနေဖြင့် CTFMR၏ စုံစမ်းချက် များအပေါ် အချက်အလက် အထောက်အထားများဖြင့် ပြန်ကြားလျက်ရှိသည်။ ၂၀၂၃ ခုနှစ်အတွင်း CTFMR ကစုံစမ်းသည့် အသက်မပြည့်သူဟု  သံသယရှိသူ စုစုပေါင်း ၉ ဦး သာ ရှိခဲ့သော်လည်း ယခုအစီရင်ခံစာတွင် တပ်မတော်က ၂၀၂၃ ခုနှစ်အတွင်း အသက် မပြည့်သေးသူ ၁၁၀၂ ဦးကို  စစ်မှုထမ်းစေခဲ့သည်ဟု ချဲ့ကားဖော်ပြထားသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အစီရင်ခံစာတွင် ပါဝင်သည့် အခြေအမြစ်မရှိ သော စွပ်စွဲချက်များကို ကန့်ကွက်ပယ်ချပြီး၊ အပြုသဘောဆောင်သော ချဉ်းကပ်မှုဖြင့် မျှတမှုရှိပြီး ယုံကြည်လက်ခံနိုင်သော အစီရင်ခံစာများကို ထုတ်ပြန်ရန် ကုလသမဂ္ဂအား တောင်းဆိုသည်။

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီ

၂၀၂၄ ခုနှစ်၊ ဇွန်လ  ၂၅  ရက်

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၆-၂၀၂၄)

  • ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ ဆိုင်ရာ အစီရင်ခံစာပါ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဖော်ပြချက်တွင် အတည် မပြုနိုင်သော သတင်းရင်းမြစ်များနှင့် အစိုးရကို ဆန့်ကျင်သည့် အုပ်စုများထံမှ ရရှိသော အချက်အလက်များအပေါ် အခြေခံထားသည့် အခြေအမြစ်မရှိသော တစ်ဖက်သတ်စွပ် စွဲချက်များနှင့် မမှန်ကန်သည့် ကိန်းဂဏန်းများ ပါဝင်သည်ကို တွေ့ရှိရ။
  • ၂၀၂၃ ခုနှစ်အတွင်း CTFMR ကစုံစမ်းသည့် အသက်မပြည့်သူဟု  သံသယရှိသူ စုစုပေါင်း ၉ ဦးသာ ရှိခဲ့သော်လည်း ယခုအစီရင်ခံစာတွင် တပ်မတော်က ၂၀၂၃ ခုနှစ်အတွင်း အသက် မပြည့်သေးသူ ၁၁၀၂ ဦးကို  စစ်မှုထမ်းစေခဲ့သည်ဟု ချဲ့ ကားဖော်ပြထား။
  • မြန်မာနိုင်ငံအနေဖြင့် အစီရင်ခံစာတွင် ပါဝင်သည့် အခြေအမြစ်မရှိသော စွပ်စွဲချ က်များကို ကန့်ကွက်ပယ်ချပြီး၊ အပြုသဘောဆောင်သော ချဉ်းကပ်မှုဖြင့် မျှတမှု ရှိပြီး ယုံကြည်လက်ခံနိုင်သော အစီရင်ခံစာများကို ထုတ်ပြန်ရန် ကုလသမဂ္ဂအား တောင်းဆို။

 

 

Add new comment