“လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ပညာရေးကိုပိုမိုမြှင့်တင်ပေး” ဦးတည်ချက်ဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄) ကို ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွှန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ပညာရှင်ကြီးများ၊ ပညာရေးဝန်ကြီး ဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးက ပညာရေးဖွံ့ဖြိုးတိုးတက်ရန် ပညာရေးဝန်ကြီးဌာနက အဓိကအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော်လည်း ဆက်စပ်ဝန်ကြီးဌာနများ အနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် နယ်ပယ်အလိုက် လုပ်ငန်းသဘာဝ အလိုက် လေ့ကျင့်သင်ကြားပေးလျက်ရှိသည့်အတွက် ယခုကျင်းပသည့် ညီလာခံတွင် ဝန်ကြီးဌာန ၁၁ ခု ပူးပေါင်းညှိနှိုင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆွေးနွေး ညှိနှိုင်းကြမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မူလတန်းအရွယ်မှ လုပ်ငန်းခွင် ဝင်မည့် အရွယ်အထိ လူငယ်လူရွယ်များကို အဘက်ဘက်က ပြည့်စုံစေရန် ကြိုးစား သင်ကြားပေးလျက်ရှိရာ လိုအပ်ချက်၊ လစ်ဟာချက်များရှိခဲ့ပါက ယခုကျင်းပသည့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးက ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်များက ဖြည့်ဆည်းပေး နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သက်ဆိုင်ရာကဏ္ဍများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြကြရာ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးခဲ့ကြပြီး ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ် ဝန်ကြီးဌာနများမှ ခင်းကျင်းပြသထားသည့် ပညာရေးပြခန်းများသို့ အခြေခံပညာကျောင်း များမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ပညာရေးမိသားစုများ လာရောက် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၆-၂၀၂၄)
- ဆက်စပ်ဝန်ကြီးဌာနများအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် နယ်ပယ် အလိုက် လုပ်ငန်းသဘာဝအလိုက် လေ့ကျင့်သင်ကြားပေးလျက်ရှိသည့်အတွက် ယခုကျင်းပသည့် ညီလာခံတွင် ဝန်ကြီးဌာန ၁၁ ခု ပူးပေါင်းညှိနှိုင်းပြီး အကောင် အထည်ဖော် ဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်းကြမည်ဖြစ်။
- ပညာရေးဝန်ကြီးဌာနအနေဖြင့် မူလတန်းအရွယ်မှ လုပ်ငန်းခွင်ဝင်မည့် အရွယ်အထိ လူငယ်လူရွယ်များကို အဘက်ဘက်ကပြည့်စုံစေရန် ကြိုးစားသင်ကြားပေးလျက် ရှိရာ လိုအပ်ချက်၊ လစ်ဟာချက်များရှိခဲ့ပါက ယခုကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးက ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်များက ဖြည့်ဆည်းပေးနိုင်မည်ဖြစ်။
- မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ ၂၀၂၄ ကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ ဇွန် ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်။
Add new comment