၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ပြည်ပကုန်သွယ်မှုစာရင်းအရ ပြည်ပပို့ကုန် အမေရိကန်ဒေါ်လာ (၁၅.၃၆ ) ဘီလီယံ၊ ပြည်ပသွင်းကုန် အမေရိကန်ဒေါ်လာ (၁၄.၆၉ ) ဘီလီယံ၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၃၀.၀၅) ဘီလီယံဖြစ်သည့်အတွက် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၆၇၇) သန်းကျော် ပိုမိုခဲ့ပါသည်၊၊
၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် ပို့ကုန်အုပ်စုအလိုက်တင်ပို့မှုကို ယခင်ဘဏ္ဍာနှစ်ကာလတူ တင်ပို့မှုနှင့် နှိုင်းယှဉ်ရာတွင် လယ်ယာထွက်ပစ္စည်းများပိုမိုတင်ပို့ခဲ့ပြီး တိရစ္ဆာန်ထွက်ပစ္စည်း များ၊ ရေထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ၊ စက်မှု ကုန်ချောပစ္စည်းများနှင့် အခြားပစ္စည်းများ လျော့နည်း တင်ပို့ခဲ့ပါသည်၊၊ သွင်းကုန်ပစ္စည်းများ အုပ်စုအလိုက်တင်သွင်းမှုကို ယခင်ဘဏ္ဍာနှစ် အလားတူကာလ တင်သွင်းမှုနှင့် နှိုင်းယှဉ်ရာတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ လျော့နည်းတင်သွင်းခဲ့ပါသည်၊၊
၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ (၅.၄) ဘီလီယံမှ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ ပို့ကုန်တန်ဖိုး ပိုမိုတင်ပို့လာနိုင်သည့်အတွက် ကုန် သွယ်မှုလိုငွေဖြစ်ပေါ်မှုသည် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ (၁) ဘီလီယံထိ နှစ် စဉ် ဆက်တိုက်လျော့ကျခဲ့ပါသည်၊၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကိုဗစ်-၁၉ ရိုက်ခတ်မှုများကြောင့် ပို့ကုန်ကန်ဒေါ်လာ (၁၇.၇) ဘီလီယံခန့်ရှိပြီး လယ်ယာထွက်၊ ရေထွက်၊ သတ္တုတွင်းထွက်များ ပုံမှန်တင်ပို့နိုင်ခဲ့သော်လည်း စက်မှုကုန်ချော (ချုပ်ပြီးအထည်၊ သဘာဝဓာတ်ငွေ့) လျော့နည်းတင်ပို့ခဲ့ခြင်း၊ သွင်းကုန်တွင် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ (လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး၊ ဆောက်လုပ်ရေး ပစ္စည်းများနှင့် ဆက်သွယ်ရေးပစ္စည်းများ) တင်သွင်းမှု ယခင်နှစ်ထက် အနည်းငယ်ပိုမိုလာခြင်းကြောင့် ကုန်သွယ်မှုလိုငွေကန်ဒေါ်လာ (၁.၃၇) ဘီလီယံဖြစ်ပေါ်ခဲ့ပါသည်၊၊ ယခု ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပိုငွေ ကန်ဒေါ်လာ (၆၇၇) သန်းဖြစ်ပေါ်လျက်ရှိပါကြောင်း သိရှိရပါသည်၊၊
- ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ပြည်ပကုန်သွယ်မှုစာရင်းအရ ပြည်ပပို့ကုန် အမေရိကန်ဒေါ်လာ (၁၅.၃၆ ) ဘီလီယံ၊ ပြည်ပသွင်းကုန် အမေရိကန်ဒေါ်လာ (၁၄.၆၉ ) ဘီလီယံ၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၃၀.၀၅) ဘီလီယံဖြစ်သည့်အတွက် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၆၇၇) သန်းကျော် ပိုမိုခဲ့၊၊
- ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကိုဗစ်-၁၉ ရိုက်ခတ်မှုများကြောင့် ပို့ကုန် ကန်ဒေါ်လာ (၁၇.၇) ဘီလီယံခန့်ရှိပြီး လယ်ယာထွက်၊ရေထွက်၊ သတ္တုတွင်းထွက်များ ပုံမှန်တင်ပို့နိုင်ခဲ့သော်လည်း စက်မှုကုန်ချော (ချုပ်ပြီးအထည်၊ သဘာဝဓာတ်ငွေ့) လျော့နည်းတင်ပို့ခဲ့ခြင်း၊ သွင်းကုန်တွင် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ တင်သွင်းမှု ယခင်နှစ်ထက် အနည်းငယ်ပိုမိုလာခြင်းကြောင့် ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ (၁.၃၇) ဘီလီယံဖြစ်ပေါ်ခဲ့၊၊
Add new comment