ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နှင့် ပြည်ထောင်စုဝန်ကြီးများ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့် ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး  H.E. Mr. Abhay Thakur အား ဇွန်လ ၂၄ ရက်တွင် သက်ဆိုင်ရာဝန်ကြီး ဌာနတို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီး မှုတည်တံ့ရေးနှင့် နှစ်နိုင်ငံရွေးကောက်ပွဲကော်မရှင်တို့အကြား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ၊ နည်းပညာပိုင်းဆိုင်ရာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးတို့နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက် နိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့။
  • ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ပို့ကုန်သွင်းကုန်ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ အကြား ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။
  • ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ် စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်ချောမွေ့ ၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်စေရန် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အိန္ဒိယနိုင်ငံ၏ အကူအညီအထောက်အပံ့ (Grant Aid) ဖြင့် ဆောင်ရွက်သော ပလက်၀ - ဇိုရမ်ပူလမ်းနှင့် ယာကြီး -ကလေးဝ လမ်း အပိုင်းတို့ကို အဆင့်မြှင့်တင်ခြင်း၊   တမူး-ကျီကုန်း-ကလေးဝလမ်းပေါ်ရှိ   တံတား ၆၉ စင်း  ပြုပြင်ထိန်းသိမ်းခြင်းနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

တွေ့ဆုံဆွေးနွေးပွဲများသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဝန်ကြီးဌာနမှ အကြီး အကဲများနှင့်မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

         သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၆-၂၀၂၄)

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးများ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ၊ စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ပို့ကုန်သွင်းကုန် ဆိုင်ရာကိစ္စရပ်များ၊ ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကုန်စည်စီးဆင်း မှု ပိုမိုမြန်ဆန်ချောမွေ့ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့။

 

 

Add new comment