ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ရပ်ကွက်များတွင် နေထိုင်လျက်ရှိသော ဒေသခံပြည်သူများ အိမ်ထောင်စုဝင်များ စားရေးအထောက်အကူဖြစ်စေရန်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဇွန်လ ၂၂ ရက်တွင် မောင်တောမြို့ရှိ ရပ်ကွက်နေ ဒေသခံပြည်သူများထံ ဆန်အိတ်များကို လက်ဝယ်အရောက် ထောက်ပံ့ပို့ဆောင်ပေးခဲ့ရာ မောင်တောမြို့၊ ရပ်ကွက်များရှိ စုစုပေါင်း အိမ်ထောင်စု ၂,၀၁၉ စုတို့အတွက် အိမ်ထောင်စု ၁ စုလျှင် ဆန်အိတ် ၁ အိတ်နှုန်းဖြင့် ဆန်အိမ်ပေါင်း ၂,၀၁၉ အိတ် ထောက်ပံ့ပေးအပ်နိုင်ခဲ့ ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၆-၂၀၂၄)
- အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက မောင်တောမြို့ရှိ ရပ်ကွက် များတွင် နေထိုင်လျက်ရှိသည့် အိမ်ထောင်စု ၂,၀၁၉ စုတို့အတွက် အိမ်ထောင်စု ၁ စုလျှင် ဆန်အိတ် ၁ အိတ်နှုန်းဖြင့် ဆန်အိမ်ပေါင်း ၂,၀၁၉ အိတ် ထောက်ပံ့ ပေးအပ်နိုင်ခဲ့။
Add new comment