တန့်ဆည်မြို့နယ်တွင် PDF အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၉ ဦးနှင့် ကိုရင် ၁ ပါးသေဆုံးပြီး နေအိမ် ၄ လုံး မီးလောင်ဆုံးရှုံး

 ဒီဇင်ဘာလ ၁၇ ရက်တွင် PDF အကြမ်းဖက်သမားများ(အင်အားစိစစ်ဆဲ)က လက်နက်များဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ သာကေတကျေးရွာသို့ ဝင်ရောက် လာခဲ့ပြီး ကျေးရွာအတွင်း ရွာသူ၊ ရွာသားအချို့ကို ပစ်ခတ်၊ သတ်ဖြတ်၍ လူနေအိမ်များကို မီးရှို့ဖျက်ဆီးထားခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ-

· ဒေါ်ခင်ဌေးနှင့် ၎င်း၏မိသားစုဝင်များဖြစ်သော သမီးဖြစ်သူ ဒေါ်မိကြွယ် (၄၅) နှစ်၊ သမက်ဖြစ်သူ ဦးဖိုးဇော် (ခ) သူရဇော်၊ မြေးဖြစ်သူ ခိုင်ထူး (၂၀) နှစ်၊ မခိုင်နွယ်ထွန်း (၁၅) နှစ်နှင့် ကိုရင်ဝတ်နေသော မောင်အာဇာနည် (၁၀) နှစ်၊ အခြားမိသားစုတစ်စုဖြစ်သော ကိုမိုးဝင်းနှင့် ၎င်း၏  မိခင်ဖြစ်သူ ဒေါ်ညိုသေး (၆၀)နှစ်၊ ဇနီးဖြစ်သူ မစန္ဒာ (၃၂) နှစ်နှင့် သားဖြစ်သူ မောင်မိုးဇက် (၁၄) နှစ်တို့ကို သေနတ် ထိမှန်ဒဏ်ရာများနှင့် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိကြောင်း တွေ့ရှိခဲ့။

· ၂ ထပ်တိုက် (၁) လုံး၊ သွပ်မိုး ၂ ထပ်အိမ် (၂) လုံးနှင့် အခြား နေအိမ် (၁) လုံး၊ FORLAND အမျိုးအစားယာဉ် (၁) စီး၊ ငါး မူးသား ရွှေဆွဲကြိုး (၁) ကုံး၊ ငွေသား (၅) သိန်း၊ စပါးတင်း (၃၀၀) ခန့် မီးလောင်ပျက်စီးခဲ့။

PDF အကြမ်းဖက်သမားများသည် နိုင်ငံအတွင်းရှိ မြို့ နယ်၊ ကျေးရွာများတွင် အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ် မဲ့ပြည်သူများ၊ သစ္စာရှိစွာဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများနှင့် မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်များ၏ အုပ်ချုပ်ရေးတာဝန်ရှိသူများကို နည်းအမျိုးမျိုးစွပ်စွဲကာ လက်လုပ်မိုင်းများအသုံးပြု၍လည်းကောင်း၊ သေနတ်များဖြင့် လုပ်ကြံသတ်ဖြတ်၍လည်းကောင်း၊ မီးရှို့သတ်ဖြတ်၍လည်းကောင်း ရက်စက်စွာဖြင့် အကြမ်းဖက်သတ်ဖြတ်ခြင်းများကို ကျူးလွန်လျက်ရှိပါသည်။

၎င်းဖြစ်စဉ်တွင် ကျေးရွာ၌ အေးချမ်းစွာနေထိုင်သော ပြည်သူများ၊ ကျောင်းနေအရွယ်ကလေးများနှင့် ကိုရင်ဝတ်နေသောကလေးငယ်များကိုပါ ရက်စက်စွာဖြင့် အကြမ်းဖက်မီးရှို့သတ်ဖြတ်သွားသော PDF အကြမ်းဖက်သမားများကို ဖော်ထုတ် ဖမ်းဆီးပြီး ဥပဒေအရ ပြင်းထန်စွာအပြစ်ပေးအရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိပါသည်။