ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၉.၆ ကီလို ဖမ်းဆီးရမိ

နိုင်ငံတစ်ဝန်းလုံးရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါသော ပူးပေါင်းအဖွဲ့များသည် မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများ၊ မူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားခြင်းများကို တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင် ရွက်လျက်ရှိရာ-

  • ဇွန်လ ၁၈ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဝမ်တာပုံ ကျေးရွာအနီးတွင် TOYOTA WISH ခရီးသည်တင်မော်တော်ယာဉ်ကို သတင်းအရ  ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်ပေါ်ပါခရီးသည် အိုက်ဆန်း(ခ)အိုက်ပေါင်းသယ်ဆောင် လာသည့် ပလတ်စတစ်ပုံးအတွင်းမှ ကာလဒေသတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၉.၆ ကီလိုသိမ်းဆည်းရမိခဲ့။

သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား မိုင်းပေါက်မြို့မှ တာချီလိတ်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းနှင့် ပူးပေါင်းပါဝင်သူ ခင်ခင်ဦး(ခ)စီစီနှင့် အိုက်ဆန်း (ခ)အိုက်ပေါင်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၆-၂၀၂၄)

  • ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water . ကီလို ဖမ်းဆီးရမိပြီး ၎င်းဆေးဝါးများအား မိုင်းပေါက်မြို့မှ တာချီလိတ်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရ။

Add new comment