နိုင်ငံရေးပါတီတည်ထောင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိ

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်လိုသော လူမှုစီးပွားမြှင့်တင်ရေးပါတီ သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဇွန်လ ၂၀ ရက်တွင် လာ ရောက်လျှောက်ထားခဲ့ပါသည်။

ဇွန်လ ၂၀ ရက်အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၁၇ ပါတီရှိပြီး၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက် ထားသည့်ပါတီ ၅၀ ပါတီ၊ စုစုပေါင်း ၆၇ ပါတီ ရှိပြီဖြစ်ပါသည်။ ယခုလျှောက်ထားသည့် အဖွဲ့အား ပါတီတည်ထောင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၆-၂၀၂၄)

  • ဇွန်လ ၂၀ ရက်တွင် လူမှုစီးပွားမြှင့်တင်ရေးပါတီသည် နိုင်ငံရေးပါတီ တည်ထောင် ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက်လျှောက်ထားခဲ့။
  • ဇွန်လ ၂၀ ရက်အထိ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားသောပါတီ ၁၇ ပါတီရှိပြီး၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင် ခွင့်လျှောက်ထားသည့်ပါတီ ၅၀ ပါတီ၊ စုစုပေါင်း ၆၇ ပါတီ ရှိပြီဖြစ်။

 

 

Add new comment