ပိုမိုကောင်းမွန်သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ ပြန်လည်ချမှတ်ခြင်းခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံ၊ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနမှ စီစဉ်ကျင်းပသည့် အာရှနှင့်ပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ -၂၀၂၂ (APEC Symposium 2022) ကို ဇန်နဝါရီလ ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံတကာမှ ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များက -
- ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒများချမှတ်ရာတွင် ဆောင်ရွက်ရမည့် အလေ့အကျင့်ကောင်းများနှင့် ပိုမိုကောင်းမွန်သော ခရီးသွားလုပ်ငန်းမူဝါဒများ ပြန်လည်ချမှတ်ခြင်းဆိုင်ရာ အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေးခဲ့။
- အနာဂတ်ခရီးသွားလုပ်ငန်းအတွက် ရည်မှန်းချက်များ ချမှတ်ခြင်း၊ ခရီးသွားလုပ်ငန်းအသွင်ကူးပြောင်းရေးအတွက် လိုအပ်သောအစီအစဉ်များတွင် မူဝါဒများ ချမှတ်ခြင်း၊ တာဝန်သိ ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒများ၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ခြုံငုံသုံးသပ်ခြင်းများဆောင်ရွက်ခဲ့။
ဆွေးနွေးပွဲကို ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများနှင့် မူဝါဒချမှတ်သူ အဆင့်မြင့်အရာရှိကြီးများအကြား ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရေးဆိုင်ရာ လတ်တလောဆောင်ရွက်နေမှု၊ အနာဂတ်တွင် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ခရီးသွားလုပ်ငန်း မူဝါဒများဆိုင်ရာ အကြံပြုချက်များ ချမှတ်နိုင်စေရေး အတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ အာရှနှင့်ပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများ (APEC) နှင့် နိုင်ငံတကာမှ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ၊ မူဝါဒချမှတ်သူများ နှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။
- ပိုမိုကောင်းမွန်သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ ပြန်လည်ချမှတ်ခြင်းခေါင်းစဉ်ဖြင့် အာရှနှင့်ပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ -၂၀၂၂ (APEC Symposium 2022) ကို ဇန်နဝါရီလ ၂၅ ရက်မှ ၂၆ ရက်အထိကျင်းပခဲ့။
- ဆွေးနွေးပွဲကို ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများနှင့် မူဝါဒချမှတ်သူ အဆင့်မြင့်အရာရှိကြီးများအကြား ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ လတ်တလောဆောင်ရွက်နေမှု၊ အနာဂတ်တွင် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ခရီးသွားလုပ်ငန်း မူဝါဒများဆိုင်ရာ အကြံပြုချက်များ ချမှတ်နိုင်စေရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်။
Add new comment