ကချင်ပြည်နယ်အစိုးရအဖွဲ့မှယာယီနေရပ်စွန့်ခွာသူ ပြည်သူများအား ထောက်ပံ့မှုများ ပြုလုပ်ပေး

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ဦးဆောင်သည့်အဖွဲ့သည် ယာယီ ခိုလှုံရေးစခန်းအသီးသီးတွင် ရောက်ရှိနေသည့် ပြည်သူများအား အခြေခံစားသောက် ကုန်များနှင့် လိုအပ်သည်များပံ့ပိုးပေးလျက်ရှိရာ ဇွန်လ ၁၈ ရက်တွင် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်၊ ခိုလှုံရာပြုစုရေးသင်တန်းကျောင်းနှင့်  စီပူတာရပ်ကွက်၊ ဗလမင်းထင် ဘုန်းကြီးကျောင်းများအတွင်းရှိ ယာယီနေရပ်စွန့်ခွာစခန်းနေ ပြည်သူများ၏ ကျောင်းနေ အရွယ် သားသမီးတို့အတွက် စာရေးကိရိယာများကိုလည်းကောင်း၊ စီပူတာရပ်ကွက်၊ မြန်မာနိုင်ငံ ဖိလဒေလဖိ (ပင်တေကုတ္တေ) အသင်းတော်သို့ သွားရောက်ပြီး အသင်းတော် ဝင်းအတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများနေထိုင်ရန် အဆောက်အအုံသစ်များ ထပ်မံ ဆောက်လုပ်နိုင်ရေး ပံ့ပိုးငွေများပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြ ပါသည်။

          ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် ဦးဆောင်သည့်အဖွဲ့သည် ဗန်းမော်မြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၊ ဇေယျသုခ ဘုန်းတော်ကြီးကျောင်းရှိ ယာယီနေရပ်စွန့်ခွာသည့် အိမ်ထောင်စု ၁၂၅ စုမှ လူဦးရေ ၄၅၈ ဦးတို့အား ဆန်အိတ် ၇၇ အိတ်၊ ခေါက်ဆွဲခြောက် ၇၇ ဖာတို့ကိုလည်းကောင်း၊ ဆင်ကုန်းရပ်ကွက် မဟာဝိဟာရရံသီဘုန်းတော်ကြီးကျောင်းရှိ ယာယီနေရပ်စွန့်ခွာ သည့် အိမ်ထောင်စု ၄၂ စုမှ ပြည်သူ ၁၇၄ ဦးတို့အတွက် ပံ့ပိုးငွေကျပ် သိန်းအား လည်းကောင်း၊ ဟန်းတဲရပ်ကွက်ရှိ သာသနာ့လင်းရောင်ခြည် ဘုန်းတော်ကြီးကျောင်း အတွင်းရှိ ယာယီနေရပ်စွန့်ခွာသည့် အိမ်ထောင်စု ၁၁၉ စုမှ လူဦးရေ ၃၉၀ ဦးအတွက် ဆန် ၇၆ အိတ်နှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုဝင်းရှိ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု ၁၁၄ စုမှ လူဦးရေ ၃၉၆ ဦးအား ဆန် ၄၈ အိတ်နှင့် စက်သုံးဆီ (ဓာတ်ဆီ) ဝယ်ယူရန် ငွေကျပ် ၁၀ သိန်းပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၅-၂၀၂၄)

  • ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဆောင်သည့်အဖွဲ့သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့ တို့အတွင်းရှိ ယာယီခိုလှုံရေးစခန်း အသီးသီးတွင် ရောက်ရှိနေသည့် ပြည်သူများနှင့် ၎င်းတို့၏ သားသမီးတို့အတွက် စာရေးကိရိယာများအားလည်းကောင်း၊ ဆန်အိတ်များ၊ ခေါက်ဆွဲခြောက်ဖာများနှင့် ထောက်ပံ့ငွေများအားလည်းကောင်း သွားရောက်ပေးအပ်ခဲ့။

Add new comment