မြန်မာ-တရုတ် နှစ်နိုင်ငံ အရပ်ဘက်အဖွဲ့အစည်းများမှ ဦးစီးကျင်းပသည့် ငြိမ်းချမ်း စွာအတူ ယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ချက်ထုတ်ပြန်ခြင်း နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဇွန်လ ၁၉ ရက်တွင် အလုံမြို့နယ်ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်း ပခဲ့ပါသည်။
- မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ၁၉၅၀ ပြည့်နှစ်တွင် စတင်ခဲ့ပြီး နှစ်နိုင်ငံငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ချက်ဖြစ်သည့် နိုင်ငံတစ် နိုင်ငံ၏ နယ်နိမိတ်နှင့် အချုပ်အခြာအာဏာကို အခြားတစ်နိုင်ငံက လေးစားရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှုမပြုရန်၊ နိုင်ငံတစ်နိုင်ငံ၏ ပြည် တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊ တန်းတူညီတူ အပြန်အလှန်အကျိုး ဖြစ်ထွန်းအောင်ဆောင်ရွက်ရန်နှင့် လူမှုစနစ် မတူညီသည့် နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရန်ဟူသည့် မူကြီး(၅)ချက်ကို ထိုစဉ်က နှစ်နိုင်ငံဝန်ကြီးချုပ်များက ၁၉၅၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ရန်ကုန် မြို့၌ လက်မှတ်ရေးထိုးခဲ့။
- ယင်းမူကြီး(၅)ချက်နှင့်အညီ မြန်မာနိုင်ငံသည် အခြားသောနိုင်ငံများနှင့် မိတ်ဖက် ဆက်ဆံရေးကို ဆောင်ရွက်ခဲ့ပြီး အဆိုပါမူကြီး (၅) ချက်သည် ကမ္ဘာ့နိုင်ငံများ ငြိမ်းချမ်းရေးအတွက်ပါ အခြေခံရမည့်မူများဖြစ်သဖြင့် အလေးထားရမည့်ကိစ္စရပ် လည်းဖြစ်။
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက် လက်မှတ်ရေးထိုးခဲ့သည့် နှစ်(၇၀) ပြည့်တွင် မြန်မာ-တရုတ် အရပ်ဘက်အဖွဲ့အစည်းများ ဖြစ်သည့် CFPD(China Foundation for Peace and Develop-ment) ၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းနှင့် အခြားမိတ်ဖက်အဖွဲ့များက ဂုဏ်ပြုသည့်အနေဖြင့် ယနေ့ကျင်းပခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၆-၂၀၂၄)
- ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက် လက်မှတ်ရေးထိုးခဲ့သည့်နှစ် (၇၀) ပြည့်တွင် မြန်မာ-တရုတ်အရပ်ဘက်အဖွဲ့အစည်းများဖြစ်သည့် CFPD (China Foundation for Peace and Develop-ment) ၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံ ရေးဗဟိုအသင်းနှင့် အခြားမိတ်ဖက်အဖွဲ့များက ဂုဏ်ပြုအခမ်းအနားပြုလုပ်ခဲ့။
- ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက်နှင့်အညီ မြန်မာနိုင်ငံသည် အခြားသောနိုင်ငံများနှင့် မိတ်ဖက်ဆက်ဆံရေးကို ဆောင်ရွက်ခဲ့ပြီး အဆိုပါမူကြီး (၅) ချက်သည် ကမ္ဘာ့နိုင်ငံများ ငြိမ်းချမ်းရေးအတွက်ပါ အခြေခံရမည့်မူများဖြစ် သဖြင့် အလေးထားရမည့်ကိစ္စရပ်လည်းဖြစ်။
Add new comment