ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းအဝေး (၂/၂၀၂၄) ကျင်းပ

ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၂/၂၀၂၄) အစည်းအဝေးကို ဇွန်လ ၁၉ ရက်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်ခဲ့ပါသည်။

ကော်မတီအနေဖြင့် ဆေးဝါးနှင့် ဆေးအထောက်အကူပစ္စည်းများအပါအဝင် အရေးကြီးကုန်စည်များ ပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုများ မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများ၊ ပုဂ္ဂလိကကဏ္ဍ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်-

  • ကုန်ဈေးနှုန်းများကျဆင်းရေးအတွက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်ဆိုင်များ၊ ဆေးသိုလှောင်ရုံများနှင့် ဆေးဆိုင်များကို ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းနှင့် ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမရှိစေရေး ပူးပေါင်းအဖွဲ့များဖြင့် အပတ်စဉ် ကွင်းဆင်းစစ်ဆေးလျက်ရှိ။
  • ၂၀၂၄ ခုနှစ်၊ မေလအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ရွှေဈေးနှုန်းများမြင့်တက် လာသည်ကို တွေ့ရသဖြင့် သွင်းကုန်ပစ္စည်းများအတွက် နိုင်ငံခြားငွေရရှိရေးကို နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ (FESC) က စိစစ်ခွင့်ပြုပေးလျက်ရှိသည့်အပြင် နိုင်ငံခြားငွေ အမှန်တကယ် အသုံးပြုရန်လိုအပ်သူများအတွက် ရရှိနိုင်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိ။
  • ရွှေနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပြီး စားအုန်းဆီကို ရည်ညွှန်း ဈေးသတ်မှတ်၍ တင်သွင်းရောင်းချသည့် ကုမ္ပဏီများက တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိ။
  • အခြေခံစားသောက်ကုန်ပစ္စည်းဈေးနှုန်းများ မတည်ငြိမ်ခြင်း၊ ရုတ်တရက်မြင့်တက် ခြင်းကြောင့် ဝင်ငွေနည်းပါးသည့် ပြည်သူများ၊ ပုံသေလစာရရှိသည့် ဝန်ထမ်း များကို အဓိကထိခိုက်ခံစားရသဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ နေပြည် တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ တာဝန်ရှိသူများအနေဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းစဉ်ကို အထူးအလေးထား၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရ။

ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆန်၊ စားအုန်းဆီအပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေးဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၆-၂၀၂၄)

  • နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆန်နှင့် ဆေးများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မရှိစေရေး ပူးပေါင်းအဖွဲ့များဖြင့် အပတ်စဉ် ကွင်းဆင်းစစ်ဆေးလျက်ရှိ။
  • စားအုန်းဆီကို ရည်ညွှန်းဈေးသတ်မှတ်၍ တင်သွင်းရောင်းချသည့် ကုမ္ပဏီများက တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိ။

 

 

 

 

 

 

 

 

 

 

 

 

Add new comment