၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့ နယ် ရွှေပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းအောင်သည် ၎င်း၏ရွှေပန်းတိမ်ဆိုင်ရှိရာ အောင်မြေသာစံမြို့နယ်မှ နေအိမ်သို့ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်နှင်ထွက်ခွာလာစဉ် အမျိုးသား(၂)ဦး(စိစစ်ဆဲ)က သေနတ်အမျိုးအစား (စိစစ်ဆဲ)ဖြင့် ပစ်ခတ်ကာ ရွှေထည် ပစ္စည်းများအား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဦးဝင်းအောင်တွင် ကျည်ထိ မှန်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသွားခဲ့ပါသည်။ အဆိုပါတရားခံများ ဖမ်းဆီးနိုင်ရေးဆောင် ရွက်လျက်ရှိပြီး တာဝန်သိပြည်သူများ၏ သတင်းပေးမှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကံပိုင်(ခ)ကိုဖြိုးအား ဇွန်လ ၁၈ ရက်တွင် သက်သေခံရွှေထည် ပစ္စည်းများနှင့်အတူ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ-
- တစ်ရွာတည်းနေ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန်ကျန်တရားခံ ကိုမောင်း(စိစစ်ဆဲ)နှင့် ချိတ်ဆက်ပြီး ငွေကြေးလိုအပ်ချက်အရ ပန်းတိမ်ဆရာ ဦးဝင်းအောင် လုပ်ငန်းသိမ်းပြီး ရွှေထည်ပစ္စည်းများနှင့်အတူ နေအိမ်သို့အပြန်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာရွှေထည်ပစ္စည်းများအား လုယူရန်ညှိနှိုင်းခဲ့ကြောင်း။
- ကိုမောင်း၏ အဆက်အသွယ်ဖြင့် မတ္တရာ PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန် ကျန်တရားခံ မင်္ဂလာပါ(အမည်လွှဲ)နှင့် ဇွန်လ ၁၀ ရက်တွင် တွေ့ဆုံ၍ ပစ်ခတ်လုယက်မည့် အစီအစဉ်အား တိုင်ပင်ခဲ့ကြောင်း။
- ဇွန်လ ၁၃ ရက်တွင် တရားခံမင်္ဂလာပါနှင့်အတူ အသင့်စောင့် ဆိုင်းနေပြီး ဦးဝင်းအောင် ထွက်လာချိန်တွင် ကံပိုင်(ခ)ကိုဖြိုးနှင့် တရားခံမင်္ဂလာပါတို့မှ ၎င်းဆိုင်ကယ်နောက်မှ ကပ်၍မောင်းနှင်လိုက်ပါသွားပြီး အသင့်ယူဆောင်လာသည့် တစ်ထောင့်ထိုးလက်လုပ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေထည်ပစ္စည်းများ ထည့်ထားသောအိတ်အား ဖြုတ်ယူကာ မောင်းနှင်ထွက်ပြေး ခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။
ဖြစ်စဉ်တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းဆောင်ရွက်မှုနှင့် ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို လိုလားသည့် ပြည်သူလူထု၏ ပူးပေါင်းပါဝင် မှုတို့ကြောင့် အကြမ်းဖက်ပစ်ခတ်လုယက်မှုကျူးလွန်သူတရားခံ ကံပိုင်(ခ)ကိုဖြိုးအား ပြစ်မှုဖြစ်ပွားပြီး(၅)ရက်အတွင်း သက်သေခံရွှေထည် ပစ္စည်းများနှင့်အတူ ဖော်ထုတ် ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေးနှင့် ဖမ်းဆီးရန် ကျန်တရားခံ PDF အမည်ခံ အကြမ်းဖက်သမား (၂)ဦးအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၆-၂၀၂၄)
- မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် ရွှေပန်းတိမ်လုပ်ငန်း လုပ်ကိုင်သူအား အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ပြီး ရွှေထည်ပစ္စည်းများ လုယက် ယူဆောင်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်သမား ၃ ဦးအနက် တရားခံ ကံပိုင် (ခ)ကိုဖြိုးအား သက်သေခံ ရွှေထည်ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့။
Add new comment