PDF အမည်ခံ အကြမ်းဖက်သမားများ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)အား ဝင်ရောက်လုယက် ဓားပြတိုက်

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)အား PDF အကြမ်းဖက်အမျိုးသား(၄)ဦး (စိစစ်ဆဲ) က ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာပြီး လုယက်ဓါးပြတိုက်နေကြောင်း သတင်းအရ မြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ပူးပေါင်းလှည့်ကင်း အဖွဲ့များဖြင့် တရားခံများ ဖမ်းဆီးရမိရေး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ရာ လုယက်ဓားပြတိုက်သူ အကြမ်းဖက်သမားအမျိုးသား(၁)ဦးအား အသေဖမ်းဆီးရမိ သည့်အပြင် ၎င်းတို့ ဓါးပြတိုက်ယူဆောင်ထားသည့် ငွေကျပ်သိန်း(၃,၀၃၁)သိန်း၊ လက် ကိုင်ဖုန်း ၂ လုံးနှင့် လုယက်ဓါးပြတိုက်ရာတွင် အသုံးပြုသည့် လက်လုပ်ပစ္စတို (၁) လက်၊ ၉ မမကျည်(၉)တောင့်၊ ဗုံးသီး(စိစစ်ဆဲ) (၁)လုံး၊ ဆိုင်ကယ်(၂)စီးတို့နှင့်အတူ သိမ်းဆည်းရမိခဲ့ပါသည်။

စိစစ်ချက်အရ ဘဏ်အားဝင်ရောက်လုယက်ဓါးပြတိုက်သူများမှာ ပေါင်းလှရွာ အခြေပြု စစ်ကိုင်းခရိုင် PDF တပ်ရင်း(၂) ဆင်ရိုင်း(ခ)ခိုင်ဇော်လင်း ဦးဆောင်သော အဖွဲ့ဖြစ်ကြောင်း၊ အသေဖမ်းဆီးရမိသည့် အကြမ်းဖက်သမားမှာ ၎င်းအဖွဲ့မှ ကိုနောင် ဖြစ်ကြောင်းနှင့်  ဖမ်းဆီးရန်ကျန်ရှိသည့် တရားခံများအား ထပ်မံဖော်ထုတ်ဖမ်းဆီးရမိ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၆-၂၀၂၄)

  • စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ်(၁)အား ဝင်ရောက်လုယက် ဓားပြတိုက်ခဲ့သည့် စစ်ကိုင်းခရိုင် PDF တပ်ရင်း(၂) ဆင်ရိုင်း(ခ)ခိုင်ဇော်လင်း ဦးဆောင်သောအဖွဲ့မှ အကြမ်းဖက်သမားကိုနောင်အား ငွေကျပ်သိန်း ၃,၀၃၁ သိန်းနှင့်အတူ အသေဖမ်းဆီးရမိခဲ့။

Add new comment