ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးမှုများအား အလေးထားဆောင် ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေလအတွင်း အောက်ပါအတိုင်း ဖမ်းဆီးရမိခဲ့ပါသည်-
- မေလ ၁ ရက်မှ ၃၁ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဘိန်း ၂၁၈.၂၆ ကီလို၊ ဘိန်းဖြူ ၁၂၆.၄၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၂,၈၉၂,၁၉၇ ပြား၊ စိတ်ကြွရူး သွပ်ဆေးပြားအကြေ ၀.၂ ကီလို၊ အိုက်စ် ၅,၁၀၀.၆၀၄ ကီလို၊ ဆေးခြောက် ၄၄.၀၂ ကီလို၊ ဘိန်းဆီခဲ ၅၂.၀၁ ကီလို၊ ဘိန်းစာရွက် ၁၉၆.၇၇ ကီလို၊ ဘိန်းစာမှုန့် ၀.၀၅ ကီလို၊ အက်တက်စီဆေးပြား ၄,၁၇၀ ပြား၊ ဒိုင်ယာဇီပမ်ဆေးပြား ၄၀၀ ပြား၊ ဒိုင်ယာဇီပမ်ထိုးဆေး ၄၀ ပုလင်း၊ အယ်ပရာဇိုလမ်ဆေးပြား ၄၀၀ ပြား၊ ထရာမဒေါလ်ဆေးတောင့် ၄၀၀ တောင့်၊ ထရာမဒေါလ်ထိုးဆေး ၁၀၀ ပုလင်း၊ Happy Water ၁၀.၆၆ ကီလို၊ Happy 5 ၆,၅၆၀ ပြား၊ ကတ်တမင်း ၁၀၇.၀၆၊ Ammonium Nitrate ၄၆,၅၉၅ ကီလိုနှင့် Sodium Cyanide ၁၀,၀၀၀ ကီလို၊ စုစုပေါင်းတန်ဖိုးငွေကျပ်သန်းပေါင်း ၁၇၄,၄၃၈.၀၆ (US$ ၈၃.၀၆ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံအမျိုးသား ၆၂၇ ဦး၊ အမျိုးသမီး ၁၁၂ ဦး၊ စုစုပေါင်းတရားခံ ၇၃၉ ဦး ဖမ်းဆီးရမိခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း မူးယစ်ဆေးဝါးတန်ဖိုး စုစုပေါင်းငွေကျပ်သန်းပေါင်း ၄၁,၉၈၉.၂၆၄ (US$ ၁၉.၉၉၄ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ စုစုပေါင်း တရားခံ ၅၃၁ ဦးဖမ်းဆီးရမိခဲ့ပြီး မေလနှင့်နှိုင်းယှဉ်ရာတွင် မူးယစ်ဆေးဝါးတန်ဖိုး ငွေကျပ် သန်းပေါင်း ၁၃၂,၄၄၈.၇၉၆ (US$ ၆၃.၀၆၆ သန်းကျော်) ပိုမိုဖမ်းဆီးရမိခဲ့ပါသည်။
အထက်ပါဖမ်းဆီးရမိသည့် တရားခံများအား သက်ဆိုင်ရာရဲစခန်းများသို့ လွှဲပြောင်း ပေးခဲ့ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့များပူးပေါင်း၍ မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် ဆက်လက်ဖော်ထုတ်ဖမ်းဆီးလျက်ရှိပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၆-၂၀၂၄)
- မေလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ စုစုပေါင်းတန်ဖိုးငွေကျပ် သန်းပေါင်း ၁၇၄,၄၃၈.၀၆ (US$ ၈၃.၀၆ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံအမျိုးသား ၆၂၇ ဦး၊ အမျိုးသမီး ၁၁၂ ဦး၊ စုစုပေါင်းတရားခံ ၇၃၉ ဦးအား ဖမ်းဆီးရမိခဲ့။
Add new comment