ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ဇွန်လ ၁၇ ရက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရန်ကုန်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တောင်ဘက်မုခ်အနီးရှိ ခန်းမ၌ ကျင်းပသည့် (၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်းအမှတ် သရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်သို့ ပါဝင် တက်ရောက်ခဲ့ပါသည်။
အစီအစဉ်သို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အတူ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ဝန်ကြီးဌာနများမှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေးတာကူးရ်၊ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ပါသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် အိန္ဒိယသံအမတ်ကြီးတို့နှင့်အတူ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်ရှိ မာလိနီရေကန်တော်ဥယျာဉ်၌ (၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့ အထိမ်း အမှတ်အဖြစ် ကံ့ကော်ပင်ကို အမှတ်တရ စုပေါင်းဂုဏ်ပြုစိုက်ပျိုးခဲ့ကြကြောင်း သိရှိရ ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၆-၂၀၂၄)
- ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တောင်ဘက်မုခ်အနီးရှိ ခန်းမ၌ ကျင်းပသည့် (၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အထိမ်း အမှတ် သရုပ်ပြလေ့ကျင့်ခြင်း အစီအစဉ်သို့ တက်ရောက်ခဲ့။
Add new comment