နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများနှင့် နယ်စပ်ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ နှစ်လတာကာလအတွင်း ငါးမျိုးစုံတင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန် ၂၃၆၈၇ ဒသမ ၁၄၉ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၄၅ သန်းနှင့် နယ်စပ်ကုန် သွယ်မှုမှ မက်ထရစ်တန် ၂၄၀၃၂ ဒသမ ၃၇၄ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၁၅၁ သန်း ရရှိသည့်အတွက် စုစုပေါင်းမက်ထရစ်တန် ၄၇၇၁၉ ဒသမ ၅၂၃ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၆၀၁ သန်းရရှိခဲ့။
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၇ ရက်အထိ နှစ်လကျော်ကာလအတွင်း စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် နိုင်ငံပိုင်မှ အမေရိကန်ဒေါ်လာ ၆၀၀ ဒသမ ၂၃၇ သန်း၊ ပုဂ္ဂလိကပိုင်မှ အမေရိကန်ဒေါ်လာ ၇၃၄ ဒသမ ၉၂၆ သန်းရရှိသည့်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃၃၅ ဒသမ ၁၆၃ သန်းရရှိခဲ့။
- မေလ တစ်လတာကာလအတွင်း ကုမ္ပဏီပေါင်း ၄၂ ခုမှ ဆန်တန်ချိန် ၃၅,၃၃၈ ဒသမ ၅ တန်နှင့် ဆန်ကွဲတန်ချိန် ၃၅၉၄၁ တန်တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်း ဆန်နှင့် ဆန်ကွဲတန်ချိန် ၇၁၂၇၉ ဒသမ ၅ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၆ သန်း ကျော်ရရှိခဲ့။
- အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့် ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ ဇွန်လ ၁၇ ရက်တွင် ပြောင်းဖူးစေ့တန်ချိန် ၈,၁၀၀ တင်ပို့ခဲ့ပြီး ဇွန်လ ၁၈ ရက်တွင် ဆန်တန်ချိန် ၁၀၃,၈၀၀ နှင့် ပြောင်းဖူးစေ့ တန်ချိန် ၂၀၂,၉၀၀ တင်ပို့ခဲ့ပြီး နေ့စဉ် ကုန်တင်သင်္ဘောကြီးများ ဆိုက်ကပ်လျက် ပို့ကုန်များအရှိန်မြှင့်ပို့ဆောင်နေကြောင်း သိရှိရ။
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ၇ ရက်အထိ နှစ်လကျော်ကာလအတွင်း ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ ၅၁၀၆၅၃ ဒသမ ၈၆၁ တန်၊ နယ်စပ် ကုန်သွယ်မှုမှ ၂၁၀၆၁ ဒသမ ၃၁၆ တန် စုစုပေါင်း ၅၃၁၇၁၅ ဒသမ ၁၇၇ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၈၅ ဒသမ ၅၉၄ သန်း ရရှိခဲ့။
မြန်မာနိုင်ငံမှ ပြည်ပသို့ ယခုဘဏ္ဍာနှစ် နှစ်လကျော်ကာလအတွင်း လယ်ယာ ထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္ထုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့်တခြားပို့ကုန်များတင်ပို့မှုမှ စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၆၂၃ ဒသမ ၆၇၈ သန်းရရှိခဲ့ရာ အဆိုပါပို့ကုန်များထဲတွင် စက်မှုကုန်ချောတင်ပို့မှု မှ အများဆုံးရရှိခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၆-၂၀၂၄)
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ နှစ်လတာကာလအတွင်း ငါးမျိုးစုံတင်ပို့မှုအနေဖြင့် စုစုပေါင်းမက်ထရစ်တန် ၄၇၇၁၉ ဒသမ ၅၂၃ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၆၀၁ သန်းရရှိခဲ့။
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၇ ရက်အထိ နှစ်လကျော်ကာလအတွင်း စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁၃၃၅ ဒသမ ၁၆၃ သန်း ရရှိခဲ့။
- မေလ တစ်လတာကာလအတွင်း ကုမ္ပဏီပေါင်း ၄၂ ခုမှ စုစုပေါင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် ၇၁၂၇၉ ဒသမ ၅ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၆ သန်း ကျော် ရရှိခဲ့။
- ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ ဇွန်လ ၁၇ ရက်တွင် ပြောင်းဖူးစေ့တန် ချိန် ၈,၁၀၀ တင်ပို့ခဲ့ပြီး ဇွန်လ ၁၈ ရက်တွင် ဆန်တန်ချိန် ၁၀၃,၈၀၀ နှင့် ပြောင်း ဖူးစေ့တန်ချိန် ၂၀၂,၉၀၀ တင်ပို့ခဲ့။
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ၇ ရက်အထိ နှစ်လကျော်ကာလအတွင်း ပဲမျိုးစုံတင်ပို့မှုအနေဖြင့် စုစုပေါင်း ၅၃၁၇၁၅ ဒသမ ၁၇၇ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၈၅ ဒသမ ၅၉၄ သန်း ရရှိခဲ့။
- ယခုဘဏ္ဍာနှစ် နှစ်လကျော်ကာလအတွင်း ပို့ကုန်တင်ပို့မှုမှ စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၆၂၃ ဒသမ ၆၇၈ သန်းရရှိခဲ့။
Add new comment