တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

  

တရားမဝင်ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာဖြစ်သည့် Tachileik News Agency မှ တင်ထားသော မတ္တရာ မြို့နယ်ရှိ ရှမ်းမြောင်းကျေးရွာတွင် လူငယ် ၃ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအတုဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ ဝင်များအနေဖြင့် အဆိုပါကျေးရွာနှင့် အနီးဝန်းကျင်များသို့ နယ်မြေလုံခြုံရေး သွားရောက်ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် Western News မှ တင်ထားသော သံတွဲမြို့နယ်ရှိ ဆင်ခေါင်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ် မှုကြောင့် ပြည်သူများထိခိုက်သေဆုံးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှား ဖြစ်ပြီး သတင်းအမှန်မှာ AA အကြမ်းဖက်သမားများက ပြည်သူများနေထိုင်လျက် ရှိသည့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါကျေး ရွာအတွင်းမှ ပြည်သူများထိခိုက်သေဆုံးခဲ့ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် Myanmar Pressphoto Agency မှ တင်ထားသော မတ္တရာမြို့နယ်ရှိ ဟင်္သာရွာသစ်ကျေးရွာမှ ဘုန်းကြီး ၂ ပါးအား လုံခြုံရေးတပ်ဖွဲ့ ဝင်များက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားဟူသည့်သတင်းသည် လုပ်ကြံ သတင်းအမှားဖြစ်ပြီး ဖြစ်စဉ်အမှန်မှာ AA အကြမ်းဖက်သမားများက အဆိုပါ ကျေးရွာအနီးတွင် ငွေကြေးခြိမ်းခြောက်တောင်းခံခြင်း၊ အတင်းအဓမ္မလူသစ်စု ဆောင်းခြင်းများ လုပ်ဆောင်နေသည့်အတွက် ကျေးရွာသားအချို့မှာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား ကျေးရွာရှိ လူနေအိမ်များမှ အကာအကွယ်ယူပစ်ခတ်လျက်ရှိကြောင်း၊ ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဘုန်းကြီးများမရှိဘဲ ကျောင်းစောင့်အဘိုးအဘွား ၂ ဦးသာ တွေ့ရှိရကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် Khit Thit Media မှ တင်ထားသော မုံရွာမြို့ရှိ ကံမကျေးရွာအနီး မြို့ပတ်လမ်းပေါ်တွင် အပြစ်မဲ့ပြည်သူ ၁ ဦးအား တပ်မတော်က သေနတ်ဖြင့် ပစ်သတ်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် တပ်မတော်က ဒေသခံပြည်သူများအပေါ် ဥပဒေမဲ့ပြုကျင့်မှုများကို လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် Khit Thit Media မှ တင်ထားသော ကလေးမြို့ရှိ မင်းကြီးဟိုတယ်ရေကူးကန်တွင် လူငယ်များကို ဖမ်းဆီးပြီး စစ်မှုထမ်းဆောင်ရန် ခံဝန်ထိုးခိုင်းပြီး တချို့ကို ဖမ်းဆီးခေါ်ဆောင်သွားဟူသည့်သတင်းသည် လုပ်ကြံ သတင်းဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါရေကူးကန်တွင် လူငယ်များ ခိုက်ရန်ဖြစ် ပွားနေကြောင်း သတင်းပေးပို့ချက်အရ တာဝန်ရှိသူများက ခိုက်ရန်ဖြစ်ပွားမှုမရှိ စေရန် သွားရောက်ဖြေရှင်းပေးခဲ့ပြီး စစ်မှုထမ်းဆောင်ရန် ခံဝန်လက်မှတ်ထိုး ခိုင်းခြင်းနှင့် ဖမ်းဆီးခဲ့ခြင်းများလည်းမရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် Khit Thit Media မှ တင်ထားသော စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော ကြောင့် ပြည်သူအချို့သေဆုံးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်၍ သတင်းအမှန်မှာ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင် ရွက်နေခြင်းသာရှိပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် RFA Burmese မှ တင်ထားသော ဆီဆိုင်မြို့နယ်ရှိ ဒေသခံပြည်သူ ၆၀ နီးပါးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားဟူသည့် သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ဖြစ်စဉ်အမှန်မှာ PNLA များရဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် မြို့နယ်အတွင်း နေအိမ်များပျက်ဆီးဆုံးရှုံးခဲ့ သောကြောင့် တာဝန်ရှိသူများနှင့် ဒေသခံများပေါင်း၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒေသခံပြည်သူများအား ဖမ်းဆီး ထားခြင်းမရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် Khit Thit Media မှ တင်ထားသော မတ္တရာမြို့နယ်ရှိ ကျေးရွာ ၂ ရွာမှ နေအိမ်များနှင့် ဆိုင်ကယ်အစီး ၃၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ဖြစ်စဉ်အမှန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာများအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် အကြမ်းဖက်သမားများက Drop ဗုံးများဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာရှိနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် RFA Burmese မှ တင်ထားသော ရွှေဘိုမြို့တွင် တပ်မတော်က လူဦးရေစာရင်းကောက်ယူပြီး လူငယ် ၃ ဦးကို ဖမ်းဆီးသွားဟူသည့် သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး တပ်မတော်အနေဖြင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းနှင့် နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ ခြင်းသာရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် RFA Burmese မှ တင်ထားသော နတ်မောက်မြို့ နယ်ရှိ ဖက်တောရေကျေးရွာမှ နေအိမ် ၄၀ ခန့်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် သတင်းအမှားသာဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါကျေးရွာအနီးတွင် အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ၏ ယာယီတဲစခန်းအတွင်းမှ လက်လုပ်မိုင်းများနှင့် ဖောက်ခွဲ ဖျက်ဆီးရေးပစ္စည်းအချို့ကို တွေ့ရှိရသဖြင့် စနစ်တကျဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းနှင့် အဆိုပါကျေးရွာအား မီးရှို့ခဲ့ခြင်းမရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် မြေလတ်အသံမှ တင်ထားသော သနပ်ပင်မြို့နယ်၊ သနတ္တန်းကျေးရွာမှ လောင်းကစားဝိုင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး ဆောင်ရွက်ပေးနေဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ဖြစ်စဉ်အမှန်မှာ အဆိုပါကျေးရွာသို့ အကြမ်းဖက်သမားများ လာရောက်၍ ဒေသခံပြည်သူများထံမှ ငွေသားနှင့် ရွှေထည်ပစ္စည်းများ၊ ဆိုင်ကယ် ၃ စီးတို့ကို ယူဆောင်သွားခြင်းသာရှိ ကြောင်းနှင့် ၎င်းကျေးရွာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် Tachileik News Agency မှ တင်ထားသော အိုးဘို အကျဉ်းထောင်တွင် အကျဉ်းသားများ အဆမတန်စုပြုံထားသဖြင့် အခက်အခဲ ကြုံနေဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ဖြစ်စဉ်အမှန်မှာ မန္တလေးဗဟိုအကျဉ်းထောင်တွင် ပင်မထောင်မကြီးနှင့် အသစ်ထပ်မံဆောက် လုပ်ထားသော ထောင်သစ်ဟူ၍ ထောင်နှစ်ခုရှိပြီး အကျဉ်းသားတစ်ဦးလျှင် ၁၈ စတုရန်းပေနှုန်းဖြင့် လက်ခံထိန်းသိမ်းထားကာ လက်ခံနိုင်သည့် အင်အားထက် ပိုမိုခြင်းမရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာဖြစ်သည့် Khit Thit Media မှ တင်ထားသော ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁ ဦးကို အတင်းအကျပ်အလုပ် လုပ်ခိုင်းပြီး ထိခိုက်ဒဏ်ရာရချိန် ဆေးကုသမပေးသဖြင့် ထောင်ဆူပူမှုဖြစ်ပွား ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ဖြစ်စဉ်အမှန်မှာ ငြမ်းဖြုတ်ရန် ဆောင်ရွက်စဉ် အကျဉ်းထောင်အတွင်း လမ်းမီးလျှပ်စစ်ကြိုးဖြင့်ထိမိပြီး အကျဉ်း သားမှာ အမြင့်မှပြုတ်ကျခဲ့၍ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် လိုအပ်သည့် ဆေးကုသ မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရ။

နိုင်ငံတော်အစိုးရမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ် သည့်နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများအပေါ် စိုးရိမ်ထိတ်လန့်စေရန်နှင့် ရွံရှာမုန်းတီးစေရန်အတွက် အမျိုး မျိုးသော မဟုတ်မမှန်ကောလာဟလသတင်းအမှားများကို အွန်လိုင်း‌ပေါ်မှ ဝါဒဖြန့်လှုံ့ ဆော်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၆-၂၀၂၄)

  • မတ္တရာမြို့နယ်ရှိ ရှမ်းမြောင်းကျေးရွာတွင် လူငယ် ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအတုဖြစ်။
  • သံတွဲမြို့နယ်ရှိ ဆင်ခေါင်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး များဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများထိခိုက်သေဆုံးခဲ့ဟူသည့်သတင်းသည် လုပ်ကြံ သတင်းအမှားဖြစ်။
  • စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူအချို့သေဆုံးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်း အမှားဖြစ်။
  • ဆီဆိုင်မြို့နယ်ရှိ ဒေသခံပြည်သူ ၆၀ နီးပါးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီး ထားဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
  • နတ်မောက်မြို့နယ်ရှိ ဖက်တောရေကျေးရွာမှ နေအိမ် ၄၀ ခန့်ကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် သတင်းအမှားသာဖြစ်။
  • သနပ်ပင်မြို့နယ်၊ သနတ္တန်းကျေးရွာမှ လောင်းကစားဝိုင်းကို လုံခြုံရေးတပ်ဖွဲ့ဝင် များက လုံခြုံရေးဆောင်ရွက်ပေးနေဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
  • အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းသားများ အဆမတန်စုပြုံထားသဖြင့် အခက်အခဲ ကြုံနေဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။

 

Add new comment