အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ဇွန်လ ၁၇ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပေးပို့သည့် ဆန် ၂၄ ပြည်အိတ် ၃၉,၈၉၈ အိတ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကမှာယူသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း များ၊ လောင်စာတောင့်များနှင့် ကယ်ဆယ်ရေးပစ္စည်းများအပါအဝင် စုစုပေါင်း ၂,၀၈၃ ဒသမ ၄၄ တန်ကို ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပါသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ၂၀၂၃ ခုနှစ် မေလ ၁၆ ရက်မှစ၍ ဇွန်လ ၁၇ ရက်အထိ တပ်မတော်စစ်ရေယာဉ်များအပါအဝင် ရေယာဉ် ၄၇ စင်းဖြင့် ဆောက်လုပ် ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်များ ပါဝင်သော ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၆၉,၈၂၅ ဒသမ ၃၆ တန်နှင့် ဒီဇယ် ၂၄၉,၇၆၂ ဂါလန်၊ Octane 92 ၁၉၉,၈၈၆ ဂါလန်ကို ပို့ဆောင် ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၆-၂၀၂၄)
- ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ၂၀၂၃ ခုနှစ် မေလ ၁၆ ရက်မှစ၍ ဇွန်လ ၁၇ ရက်အထိ တပ်မတော်စစ်ရေယာဉ်များအပါအဝင် ရေယာဉ် ၄၇ စင်းဖြင့် ဆောက်လုပ်ရေး သုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်များ ပါဝင်သော ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၆၉,၈၂၅ ဒသမ ၃၆ တန်နှင့် ဒီဇယ် ၂၄၉,၇၆၂ ဂါလန်၊ Octane 92 ၁၉၉,၈၈၆ ဂါလန်ကို ပို့ဆောင်ပေးခဲ့။
Add new comment