၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၅ ရက်တွင် နေပြည်တော်၌ ကျင်းပရာ ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-
- (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် ရန်ကုန်မြို့တော်ခန်းမ၌ ၂၀၁၆ ခုနှစ် ကတည်းက ရပ်နားထားခဲ့သည့် ပြည်ထောင်စုအလံကို ရန်ကုန်မှ နေပြည်တော်သို့ သယ်ယူမည့် အခမ်းအနားလည်း ပါရှိမည်ဖြစ်ကြောင်း။
- (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို လှုပ်ရှားမှုများသည် ပူးပေါင်း ဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုစွမ်းအားကို ဖော်ပြလျက်ရှိသည့် အားရဖွယ်မြင် ကွင်းဖြစ်နေကြောင်း။
- ယခုနှစ်ကျင်းပမည့် ပြည်ထောင်စုနေ့အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ်ဆောင်ရွက်ရမည့် အခမ်းအနားကြီးတစ်ခုဖြစ်သည့်အတွက် သက်ဆိုင်ရာဆပ်ကော်မတီများအနေဖြင့်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို စနစ်တကျကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် ဆပ်ကော်မတီအသီးသီးက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဆပ်ကော်မတီအလိုက် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပါသည်။
- (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို လှုပ်ရှားမှုများသည် ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုစွမ်းအားကို ဖော်ပြလျက်ရှိသည့် အားရဖွယ်မြင်ကွင်းဖြစ်နေ။
- ယခုနှစ်ကျင်းပမည့် ပြည်ထောင်စုနေ့အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ်ဆောင်ရွက်ရမည့် အခမ်းအနားကြီးတစ်ခုဖြစ်သည့်အတွက် သက်ဆိုင်ရာဆပ်ကော်မတီများအနေဖြင့်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို စနစ်တကျကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်။
Add new comment