သတ်မှတ်ကာလကျော်လျှင် အရေးယူမှုများရှိမည်ဖြစ်၍ အီဂျစ်ရောက် မြန်မာ နိုင်ငံသားများအနေဖြင့် နေထိုင်ခွင့်နှင့်ပတ်သက်၍ အချိန်မီဆောင်ရွက်ရန် အီဂျစ် အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေးနှိုးဆော်ထားပြီး အီဂျစ်နိုင်ငံတွင် နေထိုင်စဉ်ကာလအတွင်း သက်တမ်းရှိသည့် နေထိုင်ခွင့် (Stay Permit)များ လျှောက် ထားဆောင်ရွက်ကြရန် အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံကူးလက်မှတ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့်နိုင်ငံသားများဌာန (General Authority of Passport, Immigration and Nationality) မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်အသိပေးခဲ့ပြီးဖြစ်ပါသည်။
- အီဂျစ်နိုင်ငံတွင် ရောက်ရှိနေထိုင်လျက်ရှိသော နိုင်ငံခြားသားများအားလုံးအနေဖြင့် နေထိုင်ခွင့်ကတ် (Resident Card) ကို ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက် နောက်ဆုံး ထား၍ အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံကူးလက်မှတ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားများဌာနထံတွင် လျှောက်ထားကြရန်။
- အီဂျစ်နိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေထိုင်လျက်ရှိသော မြန်မာ နိုင်ငံသားများအနက် အီဂျစ်နိုင်ငံတွင် နေထိုင်ခွင့်ကတ်မရှိသေးသူ(သို့မဟုတ်) သက်တမ်းကုန်ဆုံး နေသူများအနေဖြင့် နေထိုင်ခွင့်ကတ်များကို ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက် နောက်ဆုံးထားလျှောက်ထားရန် သံရုံး၏ထုတ်ပြန်ချက်၌ ပါရှိပါသည်။
ထိုသိုလျှောက်ထားခြင်းမပြုပါက ၂၀၂၄ ခု စက်တင်ဘာလ ၃၀ ရက် နောက်ပိုင်း မှစတင်၍ အီဂျစ်အစိုးရက အရေးယူမှုများကို ထိရောက်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အီဂျစ်နိုင်ငံတွင်ပညာ သင်ကြားနေသူများအနေဖြင့် ပြည်နေထိုင်ခွင့်ကတ် အပြင် သက်ဆိုင်ရာကျောင်း/တက္ကသိုလ်များမှ ထုတ်ပေးထားသည့် ကျောင်းသား ကတ်ကိုပါ တာဝန်ရှိသူများစစ်ဆေးသည့်အခါ ကြည်ဖြူစွာစစ်ဆေး ခံယူခြင်းနှင့်ကူညီ ပေးနိုင်ရေး သက်ဆိုင်ရာနိုင်ငံသားများသို့ အသိပေးထားရှိပေးပါရန် အီဂျစ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အကြောင်းကြားကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၆-၂၀၂၄)
- အီဂျစ်နိုင်ငံတွင် ရောက်ရှိနေထိုင်လျက်ရှိသော နိုင်ငံခြားသားများအားလုံးအနေဖြင့် နေထိုင်ခွင့်ကတ် (Resident Card) နှင့် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများအနက် အီဂျစ်နိုင်ငံတွင် နေထိုင်ခွင့်ကတ်မရှိသေးသူ(သို့မဟုတ်) သက်တမ်းကုန်ဆုံးနေသူများအနေဖြင့် နေထိုင်ခွင့်ကတ်များကို ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက် နောက်ဆုံးထား လျှောက်ထားရန်နှင့် သတ်မှတ်ကာလကျော်လျှင် အရေးယူမှုများရှိမည်ဖြစ်သဖြင့် အချိန်မီဆောင်ရွက်ရန် သံရုံးသတိပေးခဲ့။
Add new comment