နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးး. မင်းအောင်လှိုင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇွန်လ ၁၆ ရက်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား နယ်မြေခံလေတပ် စခန်း ဌာနချုပ်၊ သူရအုန်းခိုင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားခဲ့ရာတွင်-

  • မိတ္ထီလာတပ်နယ်တွင် လက်ရုံးတပ်များ ပြည့်စုံစွာတည်ရှိပြီး သမိုင်းကြောင်း အစဉ်အလာကောင်းသည့် တပ်နယ်တစ်ခုဖြစ်သဖြင့် အရာရှိ၊ စစ်သည်များအနေဖြင့် ဂုဏ်ယူစွာဖြင့် တာဝန်ထမ်းဆောင်ကြရန်နှင့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန်လိုအပ်မည်ဖြစ်ကြောင်း။
  • ရှေ့တန်းစစ်မြေပြင်တွင် ရှေ့တန်းကျကျ တာဝန်ထမ်းဆောင်ရသည့် ခြေလျင်၊ ခြေမြန်တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ရသည်ဖြစ်စေ၊ လက်ရုံးတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ရသည်ဖြစ်စေ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် များကို ထမ်းဆောင်နိုင်စွမ်းရှိရမည်ဖြစ်ကြောင်း။
  • တပ်မတော်အတွင်းသို့ စတင်ဝင်ရောက်စဉ်ကတည်းကပင် အဆင့်အလိုက် ရှိသင့်ရှိထိုက်သည့် စစ်အတတ်ပညာရပ်များရရှိစေရေး သင်တန်းကျောင်းများမှ လေ့ကျင့်သင်ကြားပြီးဖြစ်သဖြင့် မိမိတို့သင်ကြား တတ်မြောက်ထားသည့် စစ် အတတ်ပညာရပ်များကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ရမည်ဖြစ်ကြောင်း။
  • လေ့ကျင့်ပေးထားသည့် စစ်အတတ်ပညာများကိုအသုံးချ၍ နိုင်ငံတော်၏ အချုပ် အခြာအာဏာနှင့် ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်ကို ထိပါးလာသူများ၏ အန္တရာယ်ကို ခုခံကာကွယ်နိုင်ရန်နှင့် တိုက်ခိုက်ချေမှုန်းနိုင်ရန်လိုကြောင်း။
  • တစ်ဦးချင်း စစ်ရေးသတိရှိရန်လိုသကဲ့သို့ လက်ရုံးတပ်ဖွဲ့များအနေဖြင့် တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်များအလိုက် တိုက်ပွဲဝင်နိုင်ရန်အတွက် အမြဲအသင့်ရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း။
  • တပ်တွင်းစည်းလုံးညီညွတ်ရေးခိုင်မာမှုမှသည် တပ်ပြင်စည်းရုံးရေးကို တည်ဆောက်၍ တပ်နှင့်ပြည်သူတစ်သားတည်းဖြစ်အောင် တည်ဆောက်ထားရှိရန်လိုကြောင်း။
  • မိတ္ထီလာဒေသတွင် ပညာရေးနှင့်ပတ်သက်၍ အခွင့်အလမ်းကောင်းများစွာရှိပြီး ဖြစ်သဖြင့် အရာရှိ၊ စစ်သည် မိသားစုများအနေဖြင့် မိမိတို့၏ သားသမီးများ၏ ပညာရေးကို အားပေးဆောင်ရွက်ကြရန်လိုကြောင်း။
  • တပ်မတော်အနေဖြင့် တပ်မတော်သားများ၊ မိသားစုများ၏ ပညာရည်မြင့်မား ရေးကို အားပေးဆောင်ရွက်လျက်ရှိသဖြင့် ပညာရေးကို အားပေးဆောင်ရွက် ကြရန်လိုကြောင်း။ 
  • ကျန်းမာရေးနှင့်ပတ်သက်၍လည်း မိမိကိုယ်ကို ကျန်းမာကြံ့ခိုင်သန်စွမ်းအောင် နေထိုင်စားသောက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ လူ့သက်တမ်းသည် ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးလျက်ရှိသည်ကို တွေ့မြင်ရကြောင်း။
  • အသောက်အစားအပျော်အပါးများကြောင့် မိမိတို့တစ်ဦးချင်း စွမ်းဆောင်ရည် များနှင့် မိမိတို့၏ မိသားစု၊ အဖွဲ့အစည်းအပေါ်တွင် ထိခိုက်မှုမရှိအောင် ထိန်းထိန်း သိမ်းသိမ်းနေထိုင်ကြရမည်ဖြစ်ကြောင်း။
  • သက်သာချောင်ချိရေးနှင့်ပတ်သက်၍ တပ်ပိုင်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေး မြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် မိသားစုဝင်များ၏ မီးဖိုချောင်စားရေးကို အထောက်အကူဖြစ်စေနိုင်သည့် သီးနှံများကို စိုက်ပျိုးခြင်းဖြင့်ပိုလျှံလာသည့်ငွေကြေးများကိုအခြားနေရာများ၌ အသုံးပြုနိုင်မည်ဖြစ်ကြောင်း။
  • တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ သက်သာချောင်ချိရေးကို အဓိကထား ဖြည့်ဆည်းပေးနိုင်ရန်လိုကြောင်း။
  • ဦးစီးခေါင်းဆောင်များအနေဖြင့်လည်း မိမိတို့၏ လက်အောက်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရမည်ဖြစ်ပြီး ညီညွတ် မျှတသည့် အုပ်ချုပ်မှုပုံစံရှိရမည်ဖြစ်ကြောင်း။
  • တပ်မှူးကောင်းသဖွယ်စိတ်ဓာတ်၊ ဖခင်သဖွယ်စိတ်ဓာတ်ဖြင့် ကွပ်ကဲအုပ်ချုပ် ရမည်ဖြစ်ကြောင်း၊ အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များအားလုံး ညီညီ ညွတ်ညွတ်ဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်ကြရန်လိုပြီး နိုင်ငံတော်နှင့် တပ်မတော်မှ ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ် ကြောင်းဖြင့်မှာကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကို မေးမြန်းခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက် ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တပ်နယ်မှူးကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ခဲ့ရာ တပ်နယ်မှူး၏ ဇနီးက လည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်နှင့်ဇနီး၊ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များ တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး မိတ္ထီလာတပ်နယ် အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၆-၂၀၂၄)

  • မိတ္ထီလာတပ်နယ်တွင် လက်ရုံးတပ်များ ပြည့်စုံစွာတည်ရှိပြီး သမိုင်းကြောင်း အစဉ်အလာကောင်းသည့် တပ်နယ်တစ်ခုဖြစ်သဖြင့် အရာရှိ၊ စစ်သည်များအနေဖြင့် ဂုဏ်ယူစွာဖြင့် တာဝန်ထမ်းဆောင်ကြရန်နှင့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန်လိုအပ်မည်ဖြစ်။
  • ရှေ့တန်းစစ်မြေပြင်တွင် ရှေ့တန်းကျကျ တာဝန်ထမ်းဆောင်ရသည့် ခြေလျင်၊ ခြေမြန်တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ရသည်ဖြစ်စေ၊ လက်ရုံးတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ရသည်ဖြစ်စေ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် များကို ထမ်းဆောင်နိုင်စွမ်းရှိရမည်ဖြစ်။
  • တပ်မတော်အတွင်းသို့ စတင်ဝင်ရောက်စဉ်ကတည်းကပင် အဆင့်အလိုက် ရှိသင့်ရှိထိုက်သည့် စစ်အတတ်ပညာရပ်များရရှိစေရေး သင်တန်းကျောင်းများမှ လေ့ကျင့်သင်ကြားပြီးဖြစ်သဖြင့် မိမိတို့သင်ကြား တတ်မြောက်ထားသည့် စစ် အတတ်ပညာရပ်များကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ရမည်ဖြစ်။
  • လေ့ကျင့်ပေးထားသည့် စစ်အတတ်ပညာများကိုအသုံးချ၍ နိုင်ငံတော်၏ အချုပ် အခြာအာဏာနှင့် ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်ကို ထိပါးလာသူများ၏ အန္တရာယ်ကို ခုခံကာကွယ်နိုင်ရန်နှင့် တိုက်ခိုက်ချေမှုန်းနိုင်ရန်လို။
  • တစ်ဦးချင်း စစ်ရေးသတိရှိရန်လိုသကဲ့သို့ လက်ရုံးတပ်ဖွဲ့များအနေဖြင့် တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်များအလိုက် တိုက်ပွဲဝင်နိုင်ရန်အတွက် အမြဲအသင့်ရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လို။
  • တပ်တွင်းစည်းလုံးညီညွတ်ရေးခိုင်မာမှုမှသည် တပ်ပြင်စည်းရုံးရေးကို တည်ဆောက်၍ တပ်နှင့်ပြည်သူတစ်သားတည်းဖြစ်အောင် တည်ဆောက်ထားရှိရန်လို။
  • တပ်မတော်အနေဖြင့် တပ်မတော်သားများ၊ မိသားစုများ၏ ပညာရည်မြင့်မား ရေးကို အားပေးဆောင်ရွက်လျက်ရှိသဖြင့် ပညာရေးကို အားပေးဆောင်ရွက် ကြရန်လို။
  • သက်သာချောင်ချိရေးနှင့်ပတ်သက်၍ တပ်ပိုင်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေး မြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြစေလို၊ မိသားစုဝင်များ၏ မီးဖိုချောင်စားရေးကို အထောက်အကူဖြစ်စေနိုင်သည့် သီးနှံများကို စိုက်ပျိုးခြင်း ဖြင့်ပိုလျှံလာသည့်ငွေကြေးများကိုအခြားနေရာများ၌ အသုံးပြုနိုင်မည်ဖြစ်။

 

 

 

 

 

 

 

 

 

 

 

Add new comment