ကယားပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ်အတွင်း မြို့များ မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး၊ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်၊ မြို့နယ်၊ မြို့စည်ပင်သာယာရေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၆ ရက်  တွင် ပြည်နယ်စည်ပင်သာယာရေး အဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကယား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ကယားပြည်နယ် စည်ပင်သာယာ ရေးအဖွဲ့မှ ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အမှာစကားပြောကြားရာတွင်-

  • ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပြည့်ပြည့်၀၀ဆောင်ရွက်နိုင်ရေး၊ စည်ပင်သာယာ ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင် ရွက်ရန်အတွက် လူအင်အားစုဖွဲ့မှု၊ ယာဉ်စက်ယန္တရားစုဖွဲ့မှုများနှင့် အုပ်ချုပ်မှုဆိုင် ရာ လိုအပ်ချက်များအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊
  • မြို့ပြသန့်ရှင်းသပ်ရပ်  သာယာလှပရေး ညွှန်ကြားချက်(၁၆)ချက်နှင့်အညီ မြို့များ မြို့အင်္ဂါရပ်ပြည့်စုံစေရေး၊ သောက်သုံးရေရရှိရေး၊အမှိုက်များ စည်းကမ်းစနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် စီမံချက်များ ရေးဆွဲ၍ ဦးစားပေးအဆင့်အလိုက် ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊  
  • အခွန်အကောက်များ ပြည့်ပြည့်၀၀ရရှိရေး ဆောင်ရွက်ရန် လိုအပ်ပြီး  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများအား အချိန်မီပြီးစီးရေး၊ အရည်အသွေး ပြည့်ဝရေး နှင့် နိုင်ငံ့ဘဏ္ဍာငွေများ ဆုံးရှုံးလေလွင့်မှု မရှိစေရေး ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ အလေးထား စိစစ်သုံးစွဲရန်၊
  • ပြည်သူများစိတ်အေးချမ်းသာစွာ ရောင်းဝယ်ဖောက်ကားနိုင်ရေးအတွက် ဈေး အသစ် တည်ဆောက်နေစဉ်ကာလအတွင်း ယာယီဈေးအား စည်းကမ်းတကျဖြင့် အမြန်ဆုံး ဖွင့်လှစ်ရောင်းချနိုင်ရေး မှာကြားခဲ့။

ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကယားပြည်နယ်အတွင်း မြို့များ မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင်ရွက် နိုင်ရေးအတွက် လူနှင့်ယာဉ်စက်ယန္တရားစုဖွဲ့ထားရှိမှု၊ ယာဉ်များကြံ့ခိုင်မှုနှင့် အသုံးပြုနိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ပြည်နယ်၊ မြို့ နယ်၊ မြို့စည်ပင်သာယာရေး အဖွဲ့များမှ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၆-၂၀၂၄)

  • ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကယားပြည်နယ်အတွင်း မြို့များ မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အားသွန် ခွန်စိုက်ဆောင်ရွက်နိုင်ရေးအတွက် လူနှင့်ယာဉ်စက်ယန္တရားစုဖွဲ့ထားရှိမှု၊ ယာဉ် များ ကြံ့ခိုင်မှုနှင့် အသုံးပြုနိုင်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြပြီး ပြည်နယ်၊ မြို့ နယ်၊ မြို့စည်ပင်သာယာရေးအဖွဲ့များမှ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့။

Add new comment