ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ကာကွယ်ဆေးသိုလှောင်အအေးခန်း အဆောက်အအုံသစ်ဖွင့်ပွဲနှင့် ပြည်သူ့ဆေးရုံ မှော်ဘီမြို့ နှစ်ထပ်ကုသဆောင်သစ်ဖွင့်ပွဲတို့သို့ တက်ရောက်

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့်အဖွဲ့သည် ဇွန်လ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ကာကွယ်ဆေးသိုလှောင်အအေးခန်း အဆောက်အအုံသစ်ဖွင့်ပွဲသို့လည်းကောင်း၊ ဇွန်လ ၁၆ ရက်တွင် ပြည်သူ့ဆေးရုံ မှော်ဘီ မြို့၏ နှစ်ထပ်ကုသဆောင်သစ်ဖွင့်ပွဲသို့လည်းကောင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး ကာကွယ်ဆေးသိုလှောင်အအေးခန်း သုံးထပ်အဆောက် အအုံသစ်သည် အလျား ပေ ၆၀၊ အနံ ၄၈ ပေ၊ အမြင့် ၃၉ ပေရှိပြီး အဆောက်အအုံ၊ ရေ၊ မီးတို့အတွက် ကုန်ကျစရိတ်သည် ခန့်မှန်းတန်ဖိုး မြန်မာငွေကျပ်သိန်းပေါင်း ၇,၀၈၇ သိန်းခန့် (အမေရိကန်ဒေါ်လာ - ၃၃၇,၅၀၀) ကုန်ကျခဲ့ပါသည်။ အဆိုပါဆောက်အအုံ၏ မြေညီထပ်တွင် ကာကွယ်ဆေးများကို သိုလှောင်ထားရှိမည့် (30m3 capacity) Walk in cooler အအေးခန်း ၁ လုံး၊ (20m3 capacity) ရှိ Walk in freezer အအေးခန်း ၁ လုံး၊ Washing room ၁ ခန်း၊ Dry store ၁ ခန်းနှင့် အအေးလမ်းကြောင်းရုံးခန်း ၁ ခန်းပါဝင်ပြီး ပထမထပ်တွင် ရုံးခန်း ၁ ခန်း၊ Function Room ၃ ခန်း၊ ဒုတိယထပ်တွင် သင်တန်းခန်းမကျယ် ၁ ခန်း၊ Store ၁ ခန်း၊ Function Room ၁ ခန်းနှင့် အစား သောက်ပြင်ဆင်ခန်း ၁ ခန်းတို့ ပါဝင်ပါသည်။

ပြည်သူ့ဆေးရုံမှော်ဘီမြို့၏ နှစ်ထပ်ကုသဆောင်သစ်သည် ၁၆,၈၀၀ စတုရန်းပေ အကျယ်အဝန်းရှိကာ နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေကျပ် ၁,၁၅၉ ဒသမ ၂၀၀ သန်းကုန် ကျခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်တွင် စတင်ဆောက်လုပ်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် လုပ်ငန်းများပြီးစီးခဲ့ပါသည်။ အဆိုပါအဆောက်အအုံမြေညီထပ်တွင် အရေးပေါ်လူနာစမ်းသပ်ခန်း၊ ကိုယ်ဝန်ဆောင်မိခင် စောင့်ကြပ်ကြည့်ရှုခန်း၊ သားဖွားခန်း ၂ ခန်း၊ မွေးပြီးလူနာ စောင့်ကြပ်ကြည့်ရှုခန်း၊ မွေးကင်းစကလေးလူနာ စောင့်ကြပ်ကြည့် ရှုခန်း၊ စတိုခန်း၊ ဆေးပေးခန်းတို့ပါဝင်ပြီး ပထမထပ်တွင် အမျိုးသမီးလူနာဆောင်များ၊ ကြပ်မတ်ကုသခန်းနှင့် ကလေးလူနာကုသခန်းတို့ ပါဝင်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၆-၂၀၂၄)

  • ရန်ကုန်တိုင်းဒေသကြီး ကာကွယ်ဆေးသိုလှောင်အအေးခန်း သုံးထပ်အဆောက် အအုံသစ်သည် အလျား ပေ ၆၀၊ အနံ ၄၈ ပေ၊ အမြင့် ၃၉ ပေရှိပြီး အဆောက် အအုံ၊ ရေ၊ မီးတို့အတွက် ကုန်ကျစရိတ်သည် ခန့်မှန်းတန်ဖိုး မြန်မာငွေကျပ်သိန်းပေါင်း,၀၈၇ သိန်းခန့် (အမေရိကန်ဒေါ်လာ - ၃၃၇,၅၀၀) ကုန်ကျခဲ့။
  • ပြည်သူ့ဆေးရုံမှော်ဘီမြို့၏ နှစ်ထပ်ကုသဆောင်သစ်သည် ၁၆,၈၀၀ စတုရန်းပေ အကျယ်အဝန်းရှိကာ နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေကျပ် ၁,၁၅၉ ဒသမ ၂၀၀ သန်း ကုန်ကျခဲ့။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Add new comment