သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲအခမ်းအနားကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မည့် အကြမ်းဖက်သမားများအား ထပ်မံဖော်ထုတ်ဖမ်းဆီးရမိ

၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သန်လျင် တံတားအမှတ်(၃)ဖွင့်ပွဲ အခမ်းအနားကျင်းပစဉ် အပြစ်မဲ့ပြည်သူများကို ထိခိုက်သေ ကြေပျက်စီးစေရန် ရည်ရွယ်၍ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် ချိုကြီး(ခ)ဟိန်းထက်အောင် အပါအဝင် တရားခံ ကျား ၈ ဦး၊ မ ၁ ဦး၊ ပေါင်း ၉ ဦးတို့အား ၁၀၇ မမရှော့တိုက်ဒုံး ၃ လုံး၊ ဖြူးစ် ၃ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံ ချိုကြီး(ခ)ဟိန်းထက်အောင်၏ ထွက်ဆိုချက်အရ-

  • ဇွန်လ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသော Dark Shadow အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များ ဖြစ်သည့် မျိုးသိန်းထွန်းအား FGC-9 သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ဇော်ကြီး(ခ)ကိုထက်အား လက်လုပ်မိုင်း ၁ လုံး၊ တရုတ်လက်ပစ်ဗုံး ၁ လုံး၊ ရီမု ၁ ခု၊ ရဲဇော်ထွန်း(ခ)ဖီးနစ်အား ပွိုင့်-၃၈ ကျည် ၂၉ တောင့်၊ လက်လုပ်မိုင်း ၅ လုံး၊ လက်လုပ်ရှို့ပစ်ဗုံး ၁ လုံး၊ Keypad ဖုန်း ၄ လုံး၊ ဓာတ်ခဲ ၉ လုံး၊ ပုလဲဓာတ် မြေဩဇာ ၁ ထုပ်နှင့် ရှိန်းမြင့်မိုရ်အောင်(ခ)ကိုရှိန်းတို့အား အသီးသီး ထပ်မံဖမ်းဆီးရမိခဲ့။
  • ချိုကြီး(ခ)ဟိန်းထက်အောင်၊ ရဲဇော်ထွန်း(ခ)ဖီးနစ်၊ ဇော်ကြီး(ခ)ကိုထက်နှင့် ရှိန်း မြင့်မိုရ်အောင်(ခ)ကိုရှိန်းတို့သည် ရန်ကုန် UG အကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန် ကျန်တရားခံ ဖြူနှင်းအေး(ခ)မီးအိမ်ရှင်၏ စည်းရုံးမှုဖြင့် KNLA တပ်မဟာ(၆) တွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက်စဉ် အကြမ်းဖက်အုပ်စု အဖြစ် ကြေငြာထားသော NUG မှ တရားခံပြေးရည်မွန် ဦးဆောင်ပြုလုပ်သည့် Online Meeting တွင် ပါဝင်တက်ရောက်ခဲ့ကာ တရားခံပြေးရည်မွန်မှ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်းဆင်းပြီးပါက ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်စေခိုင်းခဲ့ပြီး လိုအပ်သည့် လက်နက်/ခဲယမ်းများနှင့် ဖောက်ခွဲရေး ပစ္စည်းများအား ချိတ်ဆက်ပို့ဆောင်ပေးမည်ဟု ပြောကြားခဲ့ကြောင်း။
  • ၎င်းတို့သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံ ချမ်းငြိမ်းသူ(ခ) ပန်ဒါလေး ခေါင်းဆောင်သည့် Dark Shadow အမည်ခံအကြမ်းဖက်အဖွဲ့သို့ ဝင်ရောက် ခဲ့ပြီးနောက် လှိုင်သာယာမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဒဂုံ(ဆိပ်ကမ်း) မြို့နယ်တို့တွင် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည့် လက်နက်/ ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ငွေကြေးများအား တရားခံပြေး ရည်မွန်က ဖမ်းဆီးရန်ကျန်တရားခံ ချမ်းငြိမ်းသူ (ခ)ပန်ဒါလေးမှ တစ်ဆင့် ထောက်ပံ့ပေးခဲ့ကြောင်း။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံပြေးရည်မွန်၏ စေခိုင်းမှုဖြင့် Dark Shadow အမည်ခံအကြမ်းဖက်အဖွဲ့မှ ရန်ကုန်မြို့အတွင်း၌ အကြမ်းဖက်ဖောက်ခွဲမှု ၂ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း-

  • တရားခံ ရဲဇော်ထွန်း(ခ)ဖီးနစ်သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလခန့်တွင် မင်္ဂလာ တောင်ညွန့်မြို့နယ်၊ လျှပ်စစ်ရုံးရှေ့၌ လက်လုပ်မိုင်း ၂ လုံး သွားရောက် ဖောက်ခွဲခဲ့ကြောင်း။
  • တရားခံ ဇော်ကြီး(ခ)ကိုထက် နှင့် ရှိန်းမြင့်မိုရ်အောင်(ခ)ကိုရှိန်းတို့ ၂ ဦးသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ (ဒုတိယပတ်)တွင် လှိုင်သာယာမြို့နယ်၊ (၅)လမ်းထိပ် ရဲကင်းစခန်းအား လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း ဖော်ထုတ် သိရှိရပါသည်။

ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုများအား သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် အသိပေးသတင်း ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၆-၂၀၂၄)

  • အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားသော NUG မှ တရားခံပြေးရည်မွန်၏ ဦးဆောင်စေခိုင်းမှုကြောင့် သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲအခမ်းအနားကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမား ၄ ဦးအား လက်နက်/ခဲယမ်းများနှင့်အတူ ထပ်မံဖော်ထုတ်ဖမ်းဆီးရမိ။

Add new comment