PNLO အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဒီမော့ဆိုးမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်/စခန်းများအား အင်အား အလုံးအရင်းဖြင့် ဇန်နဝါရီလ ၂၆ ရက်တွင် ဝင်ရောက်တိုက်ခဲ့ပြီး မြို့နှင့်အနီးပတ်ဝန်း ကျင်အတွင်း ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူနေအိမ်နှင့် အစိုးရ အုပ်ချုပ်မှုယန္တရားများရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီး ခြင်း၊ မိုင်းထောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအပြင် ဟိုပုံး-ဘန်းယဉ်-ဆီဆိုင်-လွိုင်ကော်လမ်းကြောင်းတစ်လျှောက်အား ပိတ်ဆို့၍ အဆိုပါဒေသအတွင်း အဖျက်အမှောင့် လုပ်ငန်းများအား အဆက်မပြတ် လုပ်ဆောင်ခဲ့ကြပါသည်။
အဆိုပါ အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် ဒေသများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲများ (၈၇)ကြိမ်ဖြစ်ပွားခဲ့ပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ပြင် တစ်ဝိုက်သို့ ဆက်လက်ရှင်းလင်းဆဲဖြစ်ကြောင်းနှင့် နယ်မြေရှင်းလင်းပြီးသည့် နေရာ များသို့ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့သည့် မြို့၊ ရွာ များအတွင်း အပျက်အစီးများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အချိန်နှင့် တပြေးညီ ဆောင်ရွက်လျက်ရှိပါသည်။
ယခုအခါ လွိုင်ကော်မြို့သည် ပုံမှန်အခြေအနေအတိုင်း ပြန်လည်တည်ငြိမ် အေးချမ်း လာပြီဖြစ်သည့်အတွက် ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် သွားလာနေထိုင်လျက် ရှိကြရာ လွိုင်ကော်မြို့အတွင်း အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးခဲ့သည့် သီရိ မင်္ဂလာ(ဗဟို)ဈေးအား ဒေသခံပြည်သူများ အဆင်ပြေစေရေးအတွက် ယာယီဈေး ဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ လွိုင်ကော်မြို့အတွင်းရှိ ဘုရားစေတီများ၊ တံတားများနှင့် လမ်းများအား သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းများ အပါအဝင် မြို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများ အပါအဝင် တပ်ရင်း/တပ်ဖွဲ့မှ မိသားစုများ၊ ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၆-၂၀၂၄)
- ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကယားပြည်နယ်အတွင်း ဝင်ရောက် နေရာယူ၍ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရန် ကြိုးပမ်းနေသည့် PNLO အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား တပ်မတော်စစ်ကြောင်း များက တိုက်ခိုက်ချေမှုန်းနိုင်ခဲ့။
- လွိုင်ကော်မြို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများ အပါအဝင် တပ်ရင်း/တပ်ဖွဲ့မှ မိသားစု များ၊ ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါဝင်ဆောင်ရွက်ခဲ့။
Add new comment