လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတိုးတက်ကောင်းမွန်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ ၁၄ ရက်တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း နှစ်စဉ်တိုးတက် လာသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အမြဲမပြတ် တွက်ချက်သုံးသပ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်း လုပ်ငန်းများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အားကို စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျ ဆင်းရေးနှင့် ခေတ်မီဓာတ်အားခ ကောက်ခံမှုစနစ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၆-၂၀၂၄)
- လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့် ဆည်းပေးနိုင်ရန်အတွက် အမြဲမပြတ် တွက်ချက်သုံးသပ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်လျက်ရှိ။
Add new comment