ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အကြမ်းဖက်သမားအပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများ အတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ် ခေါ်လျက်ရှိရာ-

  • ဇွန်လ ၁၄ ရက်တွင် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၄ ဦးတို့အား တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပြီး ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့။

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရက ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာ သူများအား ပြန်လည်လက်ခံကြိုဆို၍ လက်နက်/ခဲယမ်းများပါရှိပါက ဆုကြေးငွေများ ပေးအပ်လျက်ရှိကြောင်းနှင့် ဇွန်လ ၁၄ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင် ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၅၈၈ ဦးနှင့် အမျိုးသမီး ၁၅၉ ဦး၊ စုစုပေါင်း ၇၄၇ ဦးရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၆-၂၀၂၄)

  • သရက်မြို့နယ်မှ  PDF အဖွဲ့ဝင် အမျိုးသား ဦးတို့အား တာဝန်ရှိသူများက ဝန်ခံ ကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ် နှံပြီး ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့။
  • ဇွန်လ ၁၄ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၅၈၈ ဦးနှင့် အမျိုးသမီး ၁၅၉ ဦး၊ စုစုပေါင်း ၇၄၇ ဦးရှိပြီဖြစ်။

Add new comment