မြန်မာ-အိန္ဒိယ 6th Army to Army Staff Talks အစည်းအဝေးကို ဇွန် ၁၁ ရက် တွင် နေပြည်တော်ရှိ Park Royal Hotel ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် တပ်မတော်အရာရှိကြီးများ၊ အိန္ဒိယ တပ်မတော်မှ တွဲဖက်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် Major General Charanjeet Singh Dewgun, YSM, ADG MI(A) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ပြီး အစည်းအဝေးသို့တက်ရောက်လာကြသည့် နှစ်နိုင်ငံကိုယ်စားလှယ် အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် အပြန်အလှန်ဆွေးနွေး၍ အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ပြီးစီးမှုများအား ဖတ်ကြားရှင်းလင်းခဲ့ပါသည်။
အစည်းအဝေးသို့ တက်ရောက်လာကြသည့် အိန္ဒိယတပ်မတော်ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး နေပြည်တော်ရှိ အထင်ကရနေရာများဖြစ်သည့် သူရဲကောင်းဗိမာန်နှင့် ကျောက်မျက်ရတနာပြခန်းတို့သို့ လေ့လာခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၆-၂၀၂၄)
- နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် အပြန်အလှန် ဆွေးနွေး၍ အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ပြီးစီးမှု များအား ဖတ်ကြားရှင်းလင်းခဲ့ပြီး နေပြည်တော်ရှိ အထင်ကရနေရာများသို့သွား
ရောက်လေ့လာခဲ့။
Add new comment