ချင်းပြည်နယ်ဝန်ကြီးချုပ် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဇွန်လ ၁၃ ရက်တွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် တပ်မတော်သား များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က-

  • ချင်းပြည်နယ်အတွင်း တာဝန်ထမ်းဆောင်ရင်း ကျဆုံး၊ ဒဏ်ရာရရှိသည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို ချင်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးလျက်ရှိ သကဲ့သို့ လုံခြုံရေးနှင့်သက်ဆိုင်သည့် ပစ္စည်းများကိုလည်း ဝယ်ယူဖြည့်ဆည်း ပေးလျက်ရှိကြောင်း။
  • ရှေ့တန်းလုံခြုံရေးတာဝန်ထမ်းဆောင်သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို အခြေခံစားသောက်ကုန်များ အစဉ်အမြဲ ထောက်ပံ့ဆောင်ရွက်လျက်ရှိကြောင်း။
  • ပြည်သူလူထုနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာလုံခြုံရေး ပိုမိုကောင်းမွန်စေရန်အတွက် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ထောက်ပံ့ပစ္စည်း များပေးအပ်ပြီး တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၆-၂၀၂၄)

  • ဟားခါးမြို့၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ချင်းပြည်နယ် ဝန်ကြီးချုပ်က အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့။

Add new comment