ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၄) ကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်း အစည်းအဝေးကို ဇွန်လ ၁၂ ရက်တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ကျင်းပခဲ့ရာ မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-

  • ယခုနှစ်တွင်ကျင်းပမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကို တိုင်းချစ်ပြည်ချစ်စိတ်ရှိသည့် လူငယ်များပေါ်ထွန်းလာစေရန်၊ အရည်အသွေး ပြည့်ဝသော ပညာတတ်များမွေးထုတ်ပေးနိုင်ရန်၊ ထုတ်လုပ်မှုကိုအားပေးသည့် သက်မွေးပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဆရာ/ ဆရာမများ၏ အရည်အသွေးကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်ရန်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဖွံ့ဖြိုးတိုးတက် စေရန်နှင့် အရည်အသွေးအာမခံမှုရှိသည့် ပညာရေးစနစ် ပိုမိုအားကောင်းလာ စေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံကို ကျင်းပရခြင်းဖြစ်ကြောင်း။
  • ဆွေးနွေးမှုရလဒ်များကိုလည်း ပြန်လည် သုံးသပ်ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း စာတမ်းအလိုက်၊ ဆွေးနွေးမှုများအလိုက် ဖော်ထုတ် သွားကြရမည်ဖြစ်ကြောင်း။
  • ယခင်နှစ်က ကဏ္ဍ ၅ ခုအတွက် စာတမ်း ၄၂ စောင် ဖတ်ကြားခဲ့ပြီး ယခုနှစ်မှာ ကဏ္ဍ ၆ ခုအတွက် စာတမ်း ၃၆ စောင် ဖတ်ကြားသွားမည်ဖြစ်သည့် အတွက် စာတမ်းအရေအတွက် နည်းခြင်းများခြင်းထက် ရလဒ်ကောင်းများရရှိနိုင်ရေး ဦးတည်ရန်ကိုလည်း တိုက်တွန်းလိုကြောင်း။
  • ယခုနှစ်ညီလာခံ၏ ဆွေးနွေးမှုရလဒ်များကို ပြန်လည်သုံးသပ်ပြီး အနာဂတ် မျိုးဆက်သစ်များအတွက် ကောင်းမွန်သည့် ပညာရေးရလဒ်များနှင့် ကောင်းမွန် သည့် ပညာရေးအခြေအနေများရရှိစေရန် ဦးတည်၍ ဝိုင်းဝန်းဆွေးနွေးကြရမည် ဖြစ်ကြောင်း။
  • သို့မှသာ ပညာရေးညီလာခံက နိုင်ငံ၏အနာဂတ်လူငယ်များအတွက် ကောင်းမွန်သည့် အဖြေများ၊ ကောင်းမွန်သည့် အချက်အလက်များနှင့် ကောင်းမွန်သည့်ရလဒ်များ ထွက်ပေါ်လာရန် အထောက်အကူပြုမည်ဖြစ်ကြောင်း။
  • ပညာရေးညီလာခံ (၂၀၂၄) က ထွက်ပေါ်လာမည့် ရလဒ်များသည် မြန်မာနိုင်ငံ ပညာရေးတိုးတက်ကောင်းမွန်စေရေးအတွက် အထောက်အကူဖြစ်စေနိုင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း။
  • ဝန်ကြီးဌာနများအားလုံးက ကျရာကဏ္ဍ၊ ကျရာတာဝန်ကို ကျေပွန်အောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်နှင့်  ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် မြန်မာနိုင်ငံလုံး ဆိုင်ရာပညာရေးညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တက်ရောက်လာ ကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန် လိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် ဦးစီးကော်မတီအတွင်းရေးမှူး ပညာရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် လုပ်ငန်းကော်မတီအတွင်းရေးမှူး (၁) ပညာရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍ အလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၆-၂၀၂၄)

  • ယခုနှစ်တွင်ကျင်းပမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကို တိုင်းချစ်ပြည်ချစ်စိတ်ရှိသည့် လူငယ်များပေါ်ထွန်းလာစေရန်၊ အရည်အသွေး ပြည့်ဝသော ပညာတတ်များမွေးထုတ်ပေးနိုင်ရန်၊ ထုတ်လုပ်မှုကိုအားပေးသည့် သက်မွေးပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဆရာ/ ဆရာမများ၏ အရည်အသွေးကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်ရန်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဖွံ့ဖြိုးတိုးတက် စေရန်နှင့် အရည်အသွေးအာမခံမှုရှိသည့် ပညာရေးစနစ် ပိုမိုအားကောင်းလာ စေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံကို ကျင်းပရခြင်းဖြစ်။
  • ယခုနှစ်ညီလာခံ၏ ဆွေးနွေးမှုရလဒ်များကို ပြန်လည်သုံးသပ်ပြီး အနာဂတ် မျိုးဆက်သစ်များအတွက် ကောင်းမွန်သည့် ပညာရေးရလဒ်များနှင့် ကောင်းမွန်သည့် ပညာရေးအခြေအနေများရရှိစေရန် ဦးတည်၍ ဝိုင်းဝန်းဆွေးနွေးကြ ရမည်ဖြစ်။
  • ပညာရေးညီလာခံ (၂၀၂၄) က ထွက်ပေါ်လာမည့် ရလဒ်များသည် မြန်မာနိုင်ငံ ပညာရေးတိုးတက်ကောင်းမွန်စေရေးအတွက် အထောက်အကူဖြစ်စေနိုင်အောင် ဆောင်ရွက်ကြရန်လို။

 

Add new comment