ပြည်ထောင်စုဝန်ကြီးများ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(ယူအေအီး) သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့သည် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ (ယူအေအီး) သံအမတ်ကြီး H.E. Mr. Mutaz Abdullah Abdulijaleel Mohamed AI Faheem  အား   ဇွန်လ ၁၂ ရက်တွင် သက်ဆိုင်ရာဝန်ကြီးဌာနတို့၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

  • ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံအကျိုးတူ ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု များ တိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။
  • စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရေနံ နှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ Green Energy အသွင်ကူးပြောင်းရေးကဏ္ဍတို့တွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ စွမ်းအင်ဆိုင်ရာ နည်းပညာဆွေးနွေးပွဲများ ကျင်းပနိုင်ရေး၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံမှ ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံစွမ်းအင်ကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့တူးဖော်ရေးနှင့် ထုတ်လုပ်ရေးနှင့် ရေနံချက်စက်ရုံဆိုင်ရာ နည်းပညာ များ လေ့လာနိုင်ရေးအတွက် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံသို့ မြန်မာ နိုင်ငံမှ ပညာရှင်များစေလွှတ်ရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
  • ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုပိုမိုခိုင်မာစေရေး၊ အခြေခံအဆောက်အဦဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ တွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအ တွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့။

တွေ့ဆုံပွဲအသီးသီးသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၆-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီးများ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ သံအမတ်ကြီး အား လက်ခံတွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ Green Energy အသွင်ကူးပြောင်းရေးကဏ္ဍ၊ အခြေခံအဆောက်အဦဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု များမြှင့်တင်ရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

Add new comment