ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အိန္ဒိယတပ်မတော်မှ တွဲဖက်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ်အား လက်ခံတွေ့ဆုံ

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် အိန္ဒိယတပ်မတော်မှ တွဲဖက်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် Major General Charanjeet Singh Dewgun, YSM, ADG MI(A) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဇွန်လ ၁၂ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံရာတွင်-

  • နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် စစ်ဘက်ဆိုင်ရာများ ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ သင်တန်းသားများ အပြန်အလှန်စေလွှတ်ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့။

တွေ့ဆုံပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယတပ်မတော်မှ တွဲဖက်ထောက်လှမ်းရေးညွှန်ကြားရေး မှူးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူး Colonel Jaswinder Singh Gill နှင့် အိန္ဒိယတပ်မတော်မှအရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၆-၂၀၂၄)

  • နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် စစ်ဘက်ဆိုင်ရာများ ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ သင်တန်းသားများ အပြန်အလှန်စေလွှတ်ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့။

 

 

Add new comment