နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့သည် သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး Mr. Tharaka Balasuriya ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဇွန်လ ၁၁ ရက်တွင် သက်ဆိုင်ရာဝန်ကြီးဌာနတို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် မြန်မာနိုင်ငံရှိ သီရိလင်္ကာနိုင်ငံသား များအား ကူညီကာကွယ်ပေးရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
- နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးပိုမိုမြှင့်တင်ရေး၊ နှစ် နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ပညာ ရေးကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ရေးနှင့် မြန်မာနိုင်ငံရောက် သီရိလင်္ကာနိုင်ငံသားများအတွက် ကောင်စစ်ဆိုင်ရာ အကူအညီပေးနိုင်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
တွေ့ဆုံပွဲများသို့ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Sisira Senevirathne နှင့် သံရုံးတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၆-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီးများ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ပညာရေးကဏ္ဍများအပါအဝင် နှစ် နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးနှင့် မြန်မာနိုင်ငံရောက် သီရိလင်္ကာနိုင်ငံသားများအတွက် ကောင်စစ်ဆိုင်ရာ အကူအညီပေးနိုင်ရေးဆိုင်ရာ ကိစ္စများအား ဆွေးနွေးခဲ့။
Add new comment