နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများနှင့် နယ်စပ်ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ ပျားရည်တင်ပို့မှုအနေဖြင့် ပုဂ္ဂလိကကဏ္ဍမှ မက်ထရစ်တန် ၄၆၁ ဒသမ ၂၁ တန် တင်ပို့ပြီး နယ်စပ်ကုန်သွယ် ရေးမှ မက်ထရစ်တန် ၂၇ တန် တင်ပို့ခဲ့ရာ စုစုပေါင်း မက်ထရစ်တန် ၄၈၈ ဒသမ ၂၁ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ သုည ဒသမ ၇၃၂ သန်းရရှိခဲ့။
- ပြောင်းတင်ပို့မှုအနေဖြင့် ယခုဘဏ္ဍာရေးနှစ်၏ ပထမသုံးလပတ်ဖြစ်သော ဧပြီ လ၊ မေလ၊ ဇွန်လ လျာထားချက်မှာ တန်ချိန် ၃ ဒသမ ၈ သိန်းဖြစ်ပြီး၊ ၂၀၂၄ ခုနှစ် မေလကုန်အထိ စာရင်းများအရ ပြောင်းတန်ချိန် ၄ ဒသမ ၇၈ သိန်း အမှန်တင်ပို့ နိုင်ခဲ့ပြီး လျာထားချက်ထက် ပြည့်မီကျော်လွန်အောင် တင်ပို့နိုင်ခဲ့။
- ယခုဘဏ္ဍာနှစ်တွင် ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈၉ သန်း ပြည်ပသို့ တင်ပို့ရန်လျာ ထားခဲ့ပြီး ယခုဘဏ္ဍာရေးနှစ် ပထမသုံးလပတ်တွင် စုစုပေါင်းတန်ချိန် ၄ ဒသမ ၃၈ သိန်းတင်ပို့ရန် လျာထားခဲ့ရာ ဧပြီလနှင့် မေလတို့တွင် ပဲမျိုးစုံတန်ချိန် ၄ ဒသမ ၆၆ သိန်းကျော် တင်ပို့ထားနိုင်ခဲ့သည့်အတွက် လျာထားချက်ထက် ကျော် လွန်တင်ပို့နိုင်ခဲ့။
ပို့ကုန်တိုးမြှင့်ရေးအတွက် တစ်ဖက်တစ်လမ်းမှအထောက်အကူပြုစေရန် ပြည်တွင်း မွေးမြူရေးငါးများဖြစ်သည့် ငါးမြစ်ချင်း၊ ငါးတန်၊ ငါးသိုင်းခေါင်းပွ စသည့် ရေချိုငါးများ ကို One Stop Services (OSS) အဖွဲ့ဖြင့် စနစ်တကျစစ်ဆေးပြီးပါက Seal ပိတ်ခြင်း၊ ပို့ကုန်လိုင်စင်နှင့် ပို့ကုန်ကြေညာလွှာပါအတိုင်း ငါးအမျိုးအစား၊ အရေအတွက် ကွဲလွဲမှု မရှိစေရေး ရေယာဉ်ပေါ်တွင် မူးယစ်ဆေးဝါးလက်နက်ခဲယမ်းပစ္စည်းများပါရှိမှု မရှိစေ ရေးတို့အတွက် စနစ်တကျစစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၆-၂၀၂၄)
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ ပျားရည်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၄၈၈ ဒသမ ၂၁ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ သုည ဒသမ ၇၃၂ သန်းရရှိခဲ့။
- ပြောင်းတင်ပို့မှုအနေဖြင့် ယခုဘဏ္ဍာရေးနှစ်၏ ပထမသုံးလပတ်ဖြစ်သော ဧပြီ လ၊ မေလ၊ ဇွန်လ လျာထားချက်မှာ တန်ချိန် ၃ ဒသမ ၈ သိန်းဖြစ်ပြီး၊ ၂၀၂၄ ခုနှစ် မေလကုန်အထိ စာရင်းများအရ ပြောင်းတန်ချိန် ၄ ဒသမ ၇၈ သိန်း အမှန် တင်ပို့နိုင်ခဲ့ပြီး လျာထားချက်ထက် ပြည့်မီကျော်လွန်အောင် တင်ပို့နိုင်ခဲ့။
- ယခုဘဏ္ဍာရေးနှစ် ပထမသုံးလပတ်တွင် ပဲမျိုးစုံတင်ပို့မှုအနေဖြင့် စုစုပေါင်းတန် ချိန် ၄ ဒသမ ၃၈ သိန်းတင်ပို့ရန် လျာထားခဲ့ရာ ဧပြီလနှင့် မေလတို့တွင် ပဲမျိုးစုံ တန်ချိန် ၄ ဒသမ ၆၆ သိန်းကျော် တင်ပို့ထားနိုင်ခဲ့သည့်အတွက် လျာထားချက် ထက်ကျော် လွန်တင်ပို့နိုင်ခဲ့။
Add new comment