မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များနှင့် တပ်မတော်ဌာနချုပ်များ၊ တပ်ရင်း တပ်ဖွဲ့စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲနှင့် စာဖတ်ရှိန်မြှင့် တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ဇွန်လ ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင် ရွက်မှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့်အမှာစကား ပြောကြားရာတွင်-
- ယနေ့ပြောင်းလဲတိုးတက်နေသည့် နည်းပညာခေတ်တွင် AI နည်းပညာသည် နေ့စဉ် နှင့်အမျှ တိုးတက်နေပြီး လူငယ်များအကျိုးရှိစေသည့်အတွက် သိပ္ပံနည်းပညာနှင့် အသိပညာစာအုပ်၊ စာစောင်များကို နိုင်ငံတော်ဝန်ကြီးချုပ်က ကိုယ်ပိုင်ငွေဖြင့် လှူဒါန်းခြင်းဖြစ်ကြောင်း၊
- စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် တစ်ခုဖြစ်ပြီး သားတို့သမီးတို့အနေဖြင့် နေ့စဉ်စာဖတ်ရာ၌ စာအစုံကိုလည်း ဖတ် ရှုရန် တိုက်တွန်းလိုကြောင်း၊
- ယနေ့လှူဒါန်းသည့် လူထုသိပ္ပံကျမ်းကို ဖတ်ရှုခြင်းဖြင့် နောင်တစ်ချိန်တွင် ခေတ်မီ နည်းပညာများကို နားလည်တတ်ကျွမ်း၍ နိုင်ငံတော်က အားကိုးအားထားရသော သားကောင်း၊ သမီးကောင်းပညာရှင်များ ပေါ်ထွန်းရေးအတွက် ဆက်လက်ကြိုးစား သွားရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုမှ လှူဒါန်းသည့် လူထုသိပ္ပံကျမ်း အတွဲ (၄) နှင့် အတွဲ (၅) စာအုပ် ၃၀၀၀ ကို အလှူရှင်များကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက် ၁၂၅ တိုက်သို့ စာအုပ် ၂၅၀ ကိုလည်းကောင်း၊ တပ်မတော်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့စာကြည့် တိုက်များအတွက် စာအုပ် ၁၀၀၀ ကိုလည်းကောင်း၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ စာအုပ် ၁၇၅၀ ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများ က လက်ခံရယူခဲ့ပါသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၆-၂၀၂၄)
- နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး မိသားစုမှ လှူဒါန်းသည့် လူထုသိပ္ပံကျမ်း အတွဲ (၄) နှင့် အတွဲ (၅) စာအုပ် ၃၀၀၀ ကို အလှူရှင်များကိုယ်စား ပြည်ထောင်စုဝန်ကြီး က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက် ၁၂၅ တိုက်သို့ စာအုပ် ၂၅၀ ကိုလည်းကောင်း၊ တပ်မတော်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့စာကြည့် တိုက်များ အတွက် စာအုပ် ၁၀၀၀ ကိုလည်းကောင်း၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေး ရှင်းသို့ စာအုပ် ၁၇၅၀ ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများ က လက်ခံရယူခဲ့။
Add new comment