ကယားပြည်နယ်အစိုးရအဖွဲ့က ဌာနဆိုင်ရာဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာ သူများအား အခြေခံစားသောက်ကုန်များ ပေးအပ်

          ကယားပြည်နယ်အစိုးရအဖွဲ့က ဌာနဆိုင်ရာဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာသူ ဒေသခံပြည်သူများအား ထောက်ပံ့ငွေ၊ အခြေခံစားသောက်ကုန်၊ ဆောက်လုပ်ရေးပစ္စည်း များနှင့် ရုံးသုံးစက်ကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ဇွန်လ ၁၁ ရက်တွင် ကယားပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်နိုင်နိုင်ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာအသီးသီးမှ ယာယီနေရပ်စွန့်ခွာသူ ဒေသခံပြည်သူများ တက်ရောက် ခဲ့ပါသည်။

ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းမှူးတို့က ကယားပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းစေရေးနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့်အခြေအနေများနှင့်ပတ်သက်၍ အမှာစကားအသီးသီးပြောကြားခဲ့ပြီး-

  • ပြည်နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သား များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် အခြေခံစား သောက်ကုန်များကိုလည်းကောင်း။
  • တာဝန်ပြန်လည်ထမ်းဆောင်ရန်ရောက်ရှိလာသည့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ပဲ၊ ထောက်ပံ့ငွေနှင့် ရုံးသုံးစက်ကိရိယာများကိုလည်းကောင်း။
  • မြို့ပေါ်ရပ်ကွက် ၄ ခုနှင့် ကျေးရွာအုပ်စု ၁ စုမှ ယာယီနေရပ်စွန့်ခွာဒေသခံပြည် သူများအတွက် ဆန်၊ ဆီ၊ ထောက်ပံ့ငွေများကိုလည်းကောင်း။
  • သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်ရန်အတွက် ဘိလပ်မြေနှင့်သွပ် များကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့။

အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက တက်ရောက် လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၆-၂၀၂၄)

  • ကယားပြည်နယ်အစိုးရအဖွဲ့က ဌာနဆိုင်ရာဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာသူ ဒေသခံပြည်သူများအား ထောက်ပံ့ငွေ၊ အခြေခံစားသောက်ကုန်၊ ဆောက်လုပ်ရေး ပစ္စည်းများနှင့် ရုံးသုံးစက်ကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့။

Add new comment