မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုး ကြောင့် ပြစ်ဒဏ်ချမှတ်ခံရသူ မြန်မာနိုင်ငံသား အမျိုးသား ၉၈ ဦး၊ အမျိုးသမီး ၂၂ ဦး၊ စုစုပေါင်း ၁၂၀ ဦးအား ဇွန်လ ၁၀ ရက်တွင် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှတစ်ဆင့် မြန်မာ နိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့သို့ သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်း များထံသို့ ရေလမ်းခရီးမှ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
အဆိုပါမြန်မာအလုပ်သမားများအား ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိ သူများ၊ ကျန်းမာရေးဌာနနှင့် NGO အဖွဲ့အစည်းများက စနစ်တကျလက်ခံခြင်း၊ ကိုယ် ရေးမှတ်တမ်းများကောက်ယူခြင်းနှင့် ကိုဗစ်ကာကွယ်ဆေးများထိုးနှံခြင်းများဆောင် ရွက်ခဲ့ပြီး ၎င်းတို့နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၆-၂၀၂၄)
- မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ချမှတ်ခံရသူ မြန်မာနိုင်ငံသား ၁၂၀ ဦးအား ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံရှိ ကော့သောင်းမြို့သို့ သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လွှဲပြောင်းပေးအပ်ခဲ့။
Add new comment