ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၂၇) ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ တက်ရောက်

            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ဇွန် ၅ ရက်မှ ၈ ရက် အထိ ကျင်းပပြုလုပ်သည့် (၂၇) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံ တကာစီးပွားရေးဖိုရမ် (27th St. Petersburg International Economic Forum - SPIEF-2024) တက်ရောက်ခဲ့ပါသည်။

  • မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၅ ရက် နံနက်ပိုင်းတွင် ဥရောပအာရှ စီးပွားရေးကော်မရှင်၊ မေခရိုစီးပွားရေးနှင့် ပေါင်းစည်းရေး ဝန်ကြီး Mr. Sergei Yurievich Glazyev နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် အီးအေအီးယူအဖွဲ့ဝင် နိုင်ငံများ အကြား ကုန်သွယ်ရေးနှင့်ရင်းနှီး မြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင် ရွက်မှု အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • မွန်းလွဲပိုင်းတွင် ရုရှားသမ္မတ၏အကြံပေး ရုရှားရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေဥက္ကဋ္ဌ Mr. Anton Kobyakov ခေါင်းဆောင်သော ကိုယ်စားလှယ်များနှင့် ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့များကို သီခြားစီ တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၏ ဖြစ် ပေါ်တိုးတက်မှုအခြေအနေနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် စပ် လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
  • ဇွန်လ ၆ ရက် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုဝန်ကြီး Mr. Maksim Reshetnikov ခေါင်းဆောင်သောအဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ သမ္မတ၏ ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Igor Levitin ခေါင်းဆောင်သောအဖွဲ့တို့နှင့်သီးခြားစီတွေ့ဆုံပြီး မြန်မာ-ရုရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများ၊ ပို့ဆောင်ရေးနှင့်အခြားကဏ္ဍများ ပူးပေါင်း ဆောင် ရွက်မည့် အခြေအနေများကို ဆွေးနွေးခဲ့။
  • ညနေပိုင်းတွင် ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ Mr. Ivan Vikto-rovich Polyakov တည်ခင်းဧည့်ခံသော အလုပ်သဘောညစာစားပွဲသို့ တက်ရောက်ပြီး ရုရှား နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့် လင်းစွာ ဆွေးနွေးခဲ့။
  • ဇွန်လ ၇ ရက်တွင် ရုရှားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး Mr. Roman Vladimirovich Starovoyt ခေါင်းဆောင်သောအဖွဲ့နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံအကြား လေကြောင်း လိုင်း ပြေးဆွဲနေမှုနှင့် ရထားပို့ဆောင်ရေးကဏ္ဍတွင် မြန်မာ-ရုရှား နှစ်နိုင်ငံ အကြား ပူးပေါင်းကူညီဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့။
  • ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ခေါင်း ဆောင်သောအဖွဲ့နှင့် ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး Dr. Mikhail Murashko တွေ့ဆုံခဲ့ပြီး မြန်မာ-ရုရှား နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပိုမိုမြှင့်တင်ဆောင်ရွက် နိုင်ရေး ကိစ္စရပ်များ၊ တောင်ကြီးစဝ်စံထွန်းဆေးရုံတွင် ကင်ဆာရောဂါ ဆေးကုသမှု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးနှင့် ရုရှားနိုင်ငံမှ ကင်ဆာရောဂါကုသမှု ဆေး ဝါးများ တင်သွင်းဖြန့်ချိရေးနှင့် မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့။

            ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၂၇) ကြိမ်မြောက် စိန့်ပီတာ စဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်၏ ပင်မအခမ်းအနားဖြစ်သည့် မျက်နှာစုံညီ အစည်း အဝေး(Main Forum- Plenary Session)သို့ တက်ရောက်ခဲ့ပါသည်။

            အဆိုပါဖိုရမ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်က မိန့်ခွန်းပြောကြား၍ နိုင်ငံတကာစီးပွားရေးဖိုရမ်၏ ပင်မဆွေးနွေးမှုများကို ဦးဆောင်ဆွေးနွေး ခဲ့ပြီး ဗိုလစ်ဗီးယားနိုင်ငံသမ္မတ Mr. Luis Arce နှင့် ဇင်ဘာဘွေနိုင်ငံ သမ္မတ Mr. Emmerson Mnangagwa တို့က ပါဝင်ဆွေးနွေးခဲ့ပါသည်။

            ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်း ဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်-

  • ဇွန်လ ၆ ရက် နံနက်ပိုင်းတွင် ရုရှားနိုင်ငံ၏ နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီဖြစ်သည့် PJSC Gazprom Company မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် စွမ်းအင်ဆိုင်ရာကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်မည့် အခြေအနေများကို လည်းကောင်း။
  • မွန်းလွဲပိုင်းတွင် FESCO Transportation & Logistics Company မှ တာဝန်ရှိ သူများနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးနှင့် ထောက်ပံ့ဖြည့်ဆည်း စီမံ ဆောင်ရွက်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို လည်း ကောင်း။
  • ဇွန်လ ၇ ရက် မွန်းလွဲပိုင်းတွင် Business Russia နှင့် Aquarius နည်းပညာ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင် ကူး ပြောင်းရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေများကို လည်းကောင်း ဆွေးနွေးခဲ့။

            အဆိုပါဖိုရမ်သို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့် ပုဂ္ဂလိက စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

            စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ်ကို ၁၉၉၇ ခုနှစ်မှစ၍ နှစ်စဉ် ကျင်းပခဲ့ပြီး ၂၀၀၆ ခုနှစ်မှစတင်ကာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံသမ္မတ၏ ကမကထ ပြုမှုဖြင့် ဆောင်ရွက်ကာ ဖိုရမ်ပြုလုပ်သည့် အခမ်းအနားတိုင်းတွင်လည်း သမ္မတကိုယ်တိုင် တက်ရောက်ချီးမြှင့်ဆွေးနွေးပြောကြားပြီး ရုရှားနိုင်ငံ လက်ရှိဆောင်ရွက်လျက်ရှိသော အဓိကစီးပွားရေးကဏ္ဍများ၊ အစဉ်အမြဲကြီးထွားလာသည့် ဈေးကွက်များနှင့်မျက်မှောက် ခေတ် ကမ္ဘာ့စီးပွားရေးအခြေအနေများကို နိုင်ငံတကာစီးပွားရေးအဖွဲ့အစည်းများ အကြား ဆွေးနွေးဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် ယခုဖိုရမ်သည် ကမ္ဘာလုံးဆိုင်ရာ ပလက် ဖောင်းတစ်ခုအဖြစ် ဦးဆောင်ကဏ္ဍမှ ပါဝင်လျက်ရှိကြောင်းသိရှိရပါသည်။

                                         သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၆-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပပြုလုပ်သည့် (၂၇) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (27th St. Petersburg International Economic Forum - SPIEF-2024) တက်ရောက်ခဲ့။
  • မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဥရောပ အာရှစီးပွားရေးကော်မရှင်၊ မေခရိုစီးပွား ရေးနှင့် ပေါင်းစည်းရေးဝန်ကြီးနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် အီးအေအီးယူအဖွဲ့ဝင် နိုင်ငံများအကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်း ဆောင်ရွက်မှု အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ခေါင်းဆောင်သော အဖွဲ့နှင့် ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ခေါင်း ဆောင်သောအဖွဲ့တို့နှင့်သီးခြားစီတွေ့ဆုံပြီး မြန်မာ-ရုရှားစီးပွားရေး ပူးပေါင်း ဆောင် ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ ပို့ဆောင်ရေးနှင့် အခြားကဏ္ဍ များ ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့။
  • ရုရှားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ အကြား လေကြောင်းလိုင်း ပြေးဆွဲနေမှုနှင့် ရထားပို့ဆောင်ရေးကဏ္ဍတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ပူးပေါင်းကူညီဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေး နွေးခဲ့။
  • ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး Dr. Mikhail Murashko နှင့် တွေ့ဆုံခဲ့ပြီး တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် ကင်ဆာရောဂါ ဆေးကုသမှုလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက် ရေးနှင့် ရုရှားနိုင်ငံမှ ကင်ဆာရောဂါကုသမှု ဆေးဝါးများ တင်သွင်းဖြန့်ချိရေးနှင့် မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • ရုရှားနိုင်ငံ၏ နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီဖြစ်သည့် PJSC Gazprom Company မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် စွမ်းအင်ဆိုင်ရာကဏ္ဍ၌ ရင်းနှီး မြှုပ်နှံမှု ဆောင်ရွက်နိုင်မည့်အခြေအနေများကိုဆွေးနွေးခဲ့။
  • Business Russia နှင့် Aquarius နည်းပညာ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ ဆုံပြီး မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့။

Add new comment