အကြိမ်(၂၀)မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တက်ရောက်

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ဆီရမ်မြို့၌ ဇွန်လ ၆ ရက်မှ ၇ ရက်အထိ ကျင်းပလျက်ရှိသည့် အကြိမ်(၂၀)မြောက် အာဆီယံသိပ္ပံ၊  နည်းပညာနှင့် တီထွင်ဆန်းသစ် မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်  ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် ခဲ့ပါသည်။

  • ဇွန်လ ၆ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင် ဆန်းသစ်မှုဝန်ကြီး   H.E. Dr. HEM Vanndy နှင့်တွေ့ဆုံ၍  နှစ်နိုင်ငံ အကြား သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ လုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • ဇွန်လ ၇ ရက်တွင်  ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. HUN Manet နှင့် တွေ့ဆုံပွဲသို့ အာဆီယံဝန်ကြီးများနှင့်အတူ တက်ရောက်ပြီး အာဆီယံ ဒေသတွင်း သိပ္ပံ၊ နည်းပညာနှင့်တီထွင်ဆန်းသစ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့။

အကြိမ်(၂၀)မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးတွင် နိုင်ငံအလိုက် AI  နည်းပညာနှင့် အနာဂတ်ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက "AI Application Navigating the Future"  ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပြီး လက်ရှိပူးပေါင်းဆောင်ရွက်နေမှုနှင့် ဆက်  လက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို  ဆွေးနွေးခဲ့ပါသည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကမ္ဘာ့ယဉ်ကျေးမှု သမိုင်းဝင် အန်ကောဝပ်ဘုရားကျောင်းသို့ သွားရောက်လေ့လာခဲ့ကြောင်းနှင့် အဖွဲ့ဝင်အဖြစ် လိုက် ပါလာသည့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းသည် အာဆီယံ သိပ္ပံ၊ နည်းပညာ နှင့်တီထွင်ဆန်းသစ်မှုဆိုင်ရာ BAC-16, COSTI-85 နှင့် အခြားဆက်စပ်အစည်းအဝေး များသို့  တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၆-၂၀၂၄)

  • အကြိမ်(၂၀)မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက "AI Application Navigating the Future"  ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပြီး လက်ရှိပူးပေါင်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံ စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် တီ ထွင်ဆန်းသစ်မှုဝန်ကြီးနှင့် သီးခြားတွေ့ဆုံ၍ နှစ်နိုင်ငံအကြား သိပ္ပံ၊ နည်းပညာ နှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက် ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့။

Add new comment