နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇွန်လ ၁၀ ရက်တွင် တပ်မတော်ဆေးတက္ကသိုလ် နှင့် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်တို့မှ ကျောင်းအုပ်ကြီးများ၊ နည်းပြ အရာရှိကြီးများ၊ ကထိကအရာရှိကြီးများ၊ ဆရာ၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများနှင့် မဟာဘွဲ့လွန်သင်တန်းသားများ၊ ဗိုလ်လောင်းများ၊ သင်တန်းသား၊ သင်တန်းသူများ အား တက္ကသိုလ်အလိုက်ဘွဲ့နှင်းသဘင်ခန်းမများ၌ သီးခြားစီတွေ့ဆုံ၍ အမှာစကား ပြောကြားခဲ့ရာတွင်-
- အခြေခံအားဖြင့် သင်တန်းသားဗိုလ်လောင်းဘဝကတည်းက လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် ဗိုလ်လောင်းများဖြစ်အောင် လေ့ကျင့်ဆောင်ရွက်ပေးရန် လိုကြောင်း။
- ဗိုလ်လောင်းများအနေဖြင့် ရှိသင့်ရှိထိုက်သည့် ကိုယ်ခန္ဓာအချိုးအစား၊ ကိုယ်ကာယ ကြံ့ခိုင်မှုနှင့် ကြံ့ခိုင်သန်စွမ်းမှု များရှိရမည်ဖြစ်ကြောင်း။
- လေ့ကျင့်သင်ကြားပေးသည့် စာပေပညာ၊ စစ်ပညာတို့ကို မှန်မှန်ကန်ကန် လိုက်နာဆောင်ရွက်မှသာလျင် သင်တန်းဆင်းပြီး နောက်ပိုင်းလက်တွေ့ တာဝန် ထမ်းဆောင်ရာ၌ မိမိတာဝန်ယူထားသည့် တာဝန်များကို အောင်မြင်စွာ ထမ်းဆောင် နိုင်မည်ဖြစ်ကြောင်း။
- စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးဖြစ်သဖြင့် စည်းကမ်းစနစ်တကျဖြင့် နေထိုင်သွားလာတတ်သည့် လူနေမှုပုံစံဖြစ်ရန်လိုကြောင်းနှင့် တိုက်တွန်းချက်၊ တားမြစ်ချက်များကို အသိ၊ သတိနှင့် ယှဉ်၍ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း။
- တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကိုထမ်းဆောင်ရန်ဖြစ်သော် လည်း မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် ပြည်တွင်း လက်နက်ကိုင်သောင်းကျန်းမှုများ ပပျောက်ပြီး ထာဝရငြိမ်းချမ်းရေး ရရှိရေး အတွက် ယခုထိတိုင် ကြိုးပမ်းဆောင်ရွက်နေရဆဲဖြစ်ကြောင်း။
- နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာ ရရှိသူများနှင့် ကျန်းမာရေးကောင်းမွန်မှုမရှိသူများအား ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ အရ ကုသမှုများဆောင်ရွက်ရာတွင် ဆေးတပ်ဖွဲ့၏ အခန်းကဏ္ဍသည်အရေးကြီး ကြောင်း။
- နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာ ရရှိသူများနှင့် ကျန်းမာရေးကောင်းမွန်မှုမရှိသူများအား ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ အရ ကုသမှုများဆောင်ရွက်ရာတွင် ဆေးတပ်ဖွဲ့၏ အခန်းကဏ္ဍသည်အရေးကြီး ကြောင်း။
- သူနာပြုတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ချိန်တွင် လူနာများအပေါ် ကောင်းသည်ထက် ကောင်းအောင် ဆောင်ရွက်၍ ကြင်နာစွာဖြင့် ပြုစုစောင့်ရှောက်သွားကြစေလို ကြောင်း။
- အခြေခံအားဖြင့် ရှိပြီးသားဖြစ်သည့် ကြင်နာတတ်သည့်အသိစိတ်နှင့် သင်ကြား ပေးလိုက်သည့် ဆေးအတတ်ပညာများကို ပေါင်းစပ်အသုံးချ ဆောင်ရွက်သွားမည် ဆိုပါက သူနာပြုကောင်းများဖြစ်လာမည်ဖြစ်ကြောင်း။
- လေ့ကျင့်သင်ကြားပေးနေသူ နည်းပြများအနေဖြင့် သင်တန်းသားများအား လေ့ကျင့်ပေးရာတွင် အရေအတွက်ထက် အရည်အချင်းပြည့်ဝသည့် သင်တန်းသား များဖြစ်လာစေရေးနှင့် စစ်သားကောင်းဖြစ်အောင်လေ့ကျင့်ပေးရန်လိုကြောင်း။
- Guardian စနစ်ဖြင့် အဆင့်ဆင့်ကြပ်မတ် ကွပ်ကဲဆောင်ရွက်ရာတွင် သင်တန်းသား များ၏ စိတ်ဓာတ်၊ စည်းကမ်း၊ စာပေပညာဆိုင်ရာများ ကောင်းမွန်စေရေး အနီးကပ်တစ်ဦးချင်း ကြပ်မတ်ကွပ်ကဲလေ့ကျင့်သင်ကြား ဆောင်ရွက်နိုင်ရမည် ဖြစ်ပြီး ၎င်းတို့၏ အခက်အခဲများအပေါ် မိဘသဖွယ်၊ ညီရင်း အကိုသဖွယ် သဘောထား၍ တတ်နိုင်သရွေ့ဖြေရှင်းဆောင်ရွက်ပေးရန်လိုကြောင်း။
- ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ကောင်းမွန်ပြီး အရည်အသွေးရှိသည့် ဆေးဘက် ဆိုင်ရာ အရာရှိကောင်းများ မွေးထုတ်ပေးနိုင်ရေး ကြပ်မတ်ဆောင်ရွက်ကြရန် လိုကြောင်း။
- လူတိုင်းသည် ကြင်နာမှုကို လိုလားကြပြီး ကျန်းမာရေးမကောင်းသူများအနေဖြင့် ၎င်းတို့အားကြင်နာစွာဖြင့် ဆေးဝါးကုသမှု ဆောင်ရွက်ပေးသည်ကို ပိုမိုလိုလား ကြကြောင်းနှင့် သူနာပြုတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ချိန်တွင် လူနာများအပေါ် ကောင်းသည်ထက်ကောင်းအောင်ဆောင်ရွက်၍ ကြင်နာစွာဖြင့် ပြုစုစောင့်ရှောက် သွားကြစေလိုကြောင်း။
- တပ်မတော်ဆေးတက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သည့် ဆေးဘက်ဆိုင်ရာ အရာရှိများအနေဖြင့် အခြေခံအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးနိုင်သူများဖြစ်ပြီး မိမိတို့သင်ယူတတ်မြောက်ထားသည့် ဆေးပညာရပ်ဆိုင်ရာ ဘာသာရပ်အလိုက် ထူးချွန်ထက်မြက်သူများ ဖြစ်လာစေရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
- သင်တန်းသားများကိုသာ ခေါ်ယူလေ့ကျင့်ပေးလျက်ရှိသော်လည်း လက်ရှိအချိန် တွင် အမျိုးသမီးသင်တန်းသူများကိုလည်း ခေါ်ယူလေ့ကျင့်သင်ကြားပေးလျက်ရှိ ကြောင်း။
- ဆေးပညာရပ်သည် အရေးကြီးသည့် ဘာသာရပ်ဖြစ်သဖြင့် စနစ်တကျသင်ယူ လေ့လာကြရန်မှာကြားလိုကြောင်း၊ ထို့ပြင် အဆင့်မြင့်ဆေးပညာရပ်များကို သင်ယူလျက်ရှိသည့် မဟာဘွဲ့လွန်သင်တန်းသားများအနေဖြင့်လည်း မိမိတို့ သင်ယူနေရသည့် ဘာသာရပ်အလိုက် အလေးထား သင်ယူလေ့လာသွားကြရန် လိုကြောင်း။
- နိုင်ငံတော်နှင့် တပ်မတော်က အချိန်နှင့် ငွေကြေးအရင်းအနှီးများစွာဖြင့် ပြုစု ပျိုးထောင်ပေးခဲ့ရခြင်းဖြစ်သဖြင့် သင်တန်းသားများအနေဖြင့် ကြိုးစားအား ထုတ်မှုအပြည့်ဖြင့် လေ့ကျင့်သင်ကြားကြရန်လိုကြောင်း။
- ဆေးပညာရပ်နယ်ပယ်တွင် မြင့်မားသည့်ဆေးပညာရပ်များ များစွာရှိနေသည့် အတွက် နည်းပြအရာရှိများ၊ ဘွဲ့လွန်သင်တန်းသားများနှင့် သင်တန်းသား ဗိုလ်လောင်းများ၊ ဆေးဘက်ဆိုင်ရာ သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် ခေတ်အလိုက်ပေါ်ထွက်နေသည့် အသစ်အသစ်သော ဆေးပညာရပ်များကို မျက်ခြည် မပြတ်စေရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားပြီး လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်ဆေးတက္ကသိုလ်မှ ဗိုလ်လောင်းများနှင့်အတူ နေ့လည်စာကို အတူတကွသုံးဆောင်ခဲ့ပါသည်။
ဆက်လက်၍ တပ်မတော်ဆေးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီးနှင့် တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးတို့က ကျောင်းဌာနချုပ်ခန်းမ အသီးသီး၌ လေ့ကျင့်ရေးပိုင်းဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများကို အသီးသီး ရှင်းလင်း တင်ပြခဲ့ပြီးရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က-
- ဆေးတက္ကသိုလ်နှင့် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာ တက္ကသိုလ်တို့၏ ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကျောင်းအုပ်ကြီး များနှင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာတာဝန်ရှိသူများတွင် အဓိကတာဝန်ရှိကြောင်း။
- အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများက စည်းကမ်းစနစ်တကျရှိစေရေး၊ စာပေဆိုင်ရာတာဝန်ရှိသူက ထူးချွန်ထက်မြတ်သည့် ဆေးဘက်ဆိုင်ရာ အရာရှိ ကောင်း များပေါ်ထွက်လာရေး၊ လေ့ကျင့်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများက ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်သန်စွမ်းသည့် အရာရှိကောင်းများဖြစ်ပေါ်လာရေး စသည်ဖြင့် သက်ဆိုင် ရာကဏ္ဍအလိုက်လေ့ကျင့်ပေးကြရန်လိုကြောင်း။
- အလားတူ မဟာဘွဲ့လွန်သင်တန်း တက်ရောက်သူအရာရှိများအနေဖြင့် အခြား နိုင်ငံများနှင့် ပညာရပ်ပိုင်းဆိုင်ရာများတွင် ရင်ဘောင်တန်းနိုင်ရမည်ဖြစ်ကြောင်း။
- မဟာဘွဲ့လွန်သင်တန်းသားများ ပညာရည်ပြည့်ဝစေရေး၊ ကြိုးစားအားထုတ်မှု ကောင်းမွန်စေရေး ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ ပြည့်ဝစေရေး အတွက်လည်း ဖြည့်ဆည်းပေးရန် လိုကြောင်းဖြင့် မှာကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကျောင်းအုပ်ကြီးများ၊ နည်းပြအရာရှိကြီးများ၊ ကထိက အရာရှိကြီးများ၊ ဆရာ၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများနှင့် မဟာဘွဲ့လွန်သင်တန်း သားများ၊ ဗိုလ်လောင်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ဇွန်လ ၁၁ ရက်တွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် အဖွဲ့ဝင်များလိုက်ပါလျက် ရန်ကုန်မြို့ရှိ တပ်မတော်အရိုး ရောဂါအထူးကုဆေးရုံကြီးသို့သွားရောက်၍ ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိ သည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ် ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၏ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါ ကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်းလိုက်လံ တွေ့ဆုံ၍ ရင်းနှီးနွေးထွေး စွာမေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၆-၂၀၂၄)
- လေ့ကျင့်သင်ကြားပေးသည့် စာပေပညာ၊ စစ်ပညာတို့ကို မှန်မှန်ကန်ကန် လိုက်နာဆောင်ရွက်မှသာလျင် သင်တန်းဆင်းပြီး နောက်ပိုင်းလက်တွေ့ တာဝန် ထမ်းဆောင်ရာ၌ မိမိတာဝန်ယူထားသည့် တာဝန်များကို အောင်မြင်စွာ ထမ်းဆောင် နိုင်မည်ဖြစ်။
- တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကိုထမ်းဆောင်ရန်ဖြစ်သော် လည်း မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် ပြည်တွင်း လက်နက်ကိုင်သောင်းကျန်းမှုများ ပပျောက်ပြီး ထာဝရငြိမ်းချမ်းရေး ရရှိရေး အတွက် ယခုထိတိုင် ကြိုးပမ်းဆောင်ရွက်နေရဆဲဖြစ်။
- နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာ ရရှိသူများနှင့် ကျန်းမာရေးကောင်းမွန်မှုမရှိသူများအား ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ အရ ကုသမှုများဆောင်ရွက်ရာတွင် ဆေးတပ်ဖွဲ့၏ အခန်းကဏ္ဍသည်အရေးကြီး။
- လူတိုင်းသည် ကြင်နာမှုကို လိုလားကြပြီး ကျန်းမာရေးမကောင်းသူများအနေဖြင့် ၎င်းတို့အားကြင်နာစွာဖြင့် ဆေးဝါးကုသမှု ဆောင်ရွက်ပေးသည်ကို ပိုမိုလိုလား ကြ၊ သူနာပြုတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် လူနာများအပေါ် ကောင်း သည်ထက်ကောင်းအောင်ဆောင်ရွက်၍ ကြင်နာစွာဖြင့် ပြုစုစောင့်ရှောက်သွား ကြစေလို။
- နိုင်ငံတော်နှင့် တပ်မတော်က အချိန်နှင့် ငွေကြေးအရင်းအနှီးများစွာဖြင့် ပြုစု ပျိုးထောင်ပေးခဲ့ရခြင်းဖြစ်သဖြင့် သင်တန်းသားများအနေဖြင့် ကြိုးစားအား ထုတ်မှုအပြည့်ဖြင့် လေ့ကျင့်သင်ကြားကြရန်လို။
- ဆေးပညာရပ်နယ်ပယ်တွင် မြင့်မားသည့်ဆေးပညာရပ်များ များစွာရှိနေသည့် အတွက် နည်းပြအရာရှိများ၊ ဘွဲ့လွန်သင်တန်းသားများနှင့် သင်တန်းသား ဗိုလ်လောင်းများ၊ ဆေးဘက်ဆိုင်ရာ သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် ခေတ်အလိုက်ပေါ်ထွက်နေသည့် အသစ်အသစ်သော ဆေးပညာရပ်များကို မျက်ခြည် မပြတ်စေရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်။
Add new comment