နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(သမိုင်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ဇွန်လ ၁၀ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်ရှိ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (သမိုင်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထိုသို့ သွားရောက်စဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က-

  • ဝါစိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရေး အတွက် မြေအရည်အသွေးစစ်ဆေးခြင်း သုတေသနလုပ်ငန်းများကို ဦးစွာဆောင် ရွက်ပြီး မြေဆီလွှာအမျိုးအစားအလိုက် စနစ်တကျပြုပြင်ဆောင်ရွက်သွားရန်လို ကြောင်း၊ လိုအပ်သည့်သွင်းအားစုများ အပြည့်အဝထည့်သွင်းရန်နှင့် စိုက်ပျိုးရေ ရရှိအောင်ဆောင်ရွက်ပေးရန်လည်း လိုကြောင်း၊ စိုက်ပျိုးသည့်မြေအမျိုးအစားအ လိုက် ထွက်ရှိသင့်သည့်အထွက်နှုန်းများကို လေ့လာဆန်းစစ်ရန်နှင့် အထွက်နှုန်း ပြည့်မီစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊
  • ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် စံနမူနာပြဖြစ်အောင်ဆောင် ရွက်ကြရန်လိုပြီး A Grade အမျိုးအစားဝါများ ထွက်ရှိအောင် ကြိုးစားဆောင် ရွက်ကြရန်လိုကြောင်း၊ ဝါအမျိုးအစားအများအပြား စိုက်ပျိုးခြင်းထက် တစ်မျိုး တည်းကိုသာ စိုက်ပျိုး၍ အရည်အသွေးကောင်းမွန်သည့် ဝါများထွက်ရှိလာအောင် ဆောင်ရွက်ရန်လိုကြောင်း၊
  • မိမိတို့နိုင်ငံအနေဖြင့် ပြည်ပမှ ချည်မျှင်နှင့်အထည်အလိပ်များကို တင်သွင်းရလျက် ရှိပြီး ပြည်ပသွင်းကုန်များ လျှော့ချနိုင်ရန်အတွက် ပြည်တွင်းရှိ ချည်မျှင်နှင့် အထည် စက်ရုံများမှ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊
  • တီရှပ်၊ စွပ်ကျယ်ကဲ့သို့သော အခြေခံအဝတ်အထည်ပစ္စည်းများနှင့် အသုံးအဆောင် ပစ္စည်း များအား ပြည်တွင်း၌လုံလောက်စွာထုတ်လုပ်၍ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း။
  • ချည်မျှင်နှင့်အထည်စက်ရုံများသည် နိုင်ငံအတွက် လွန်စွာအကျိုးရှိသည့် စက်ရုံများ ဖြစ်သဖြင့် နိုင်ငံ့လိုအပ်ချက်များအား ပြည့်မီစွာထုတ်လုပ်၍ ပြည်သူများ ဈေးနှုန်း သက်သာစွာဖြင့် အဝတ်အထည်များအား အသုံးပြုနိုင်ရေး စနစ်တကျ စဉ်းစားသုံး သပ်ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် မှာကြားခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း ချည်မျှင်နှင့်အထည်များအား အဆင့်ဆင့်ထုတ်လုပ် နေမှု  အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှူးနှင့် တာဝန်ရှိ သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးကာ စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့။

တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(သမိုင်း)မှ ချည်မျှင်ညို၊ တက်ထရက် ပိတ်ညို၊ စွပ်ကျယ်ပိတ်ညို၊ ပဝါပိတ်ညို၊ သင်္ကန်းများ၊ တက်ထရက် ပိတ်ရောင်စုံ၊ စွပ်ကျယ်ပိတ်ရောင်စုံ၊ ပဝါရောင်စုံ၊ တီရှပ်မျိုးစုံ၊ စပို့ရှပ်မျိုးစုံ၊ နိုင်လွန် တာဖက်တာများ၊ ဆေးဂွမ်းလိပ်များ၊ အိပ်ယာခင်းရောင်စုံ တို့အပြင် အဝတ်အထည်နှင့် အသုံးအဆောင် ပစ္စည်းအမျိုးမျိုးတို့ကို အရည်အသွေးပြည့်မီစွာထုတ်လုပ်၍ တပ်မတော်၏ လိုအပ်ချက် နှင့် ပြည်တွင်းဈေးကွက်လိုအပ်ချက်အား ဈေးနှုန်းသက်သာဖြင့် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၆-၂၀၂၄)

  • ဝါစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရေး အတွက် မြေအရည်အသွေးစစ်ဆေးခြင်း သုတေသနလုပ်ငန်းများကို ဦးစွာဆောင် ရွက်ပြီး မြေဆီလွှာအမျိုးအစားအလိုက် စနစ်တကျ ပြုပြင်ဆောင်ရွက်သွားရန်လို။
  • ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် စံနမူနာပြဖြစ်အောင်ဆောင် ရွက်ကြရန်လိုပြီး A Grade အမျိုးအစားဝါများ ထွက်ရှိအောင် ကြိုးစားဆောင် ရွက်ကြရန်လို။
  • တီရှပ်၊ စွပ်ကျယ်ကဲ့သို့သော အခြေခံအဝတ်အထည်ပစ္စည်းများနှင့် အသုံးအဆောင် ပစ္စည်း များအား ပြည်တွင်း၌လုံလောက်စွာထုတ်လုပ်၍ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးနိုင်ရေး ဆောင်ရွက်ပေးရန်လို။
  • ချည်မျှင်နှင့်အထည်စက်ရုံများသည် နိုင်ငံအတွက် လွန်စွာအကျိုးရှိသည့် စက်ရုံများ ဖြစ်သဖြင့် နိုင်ငံ့လိုအပ်ချက်များအား ပြည့်မီစွာထုတ်လုပ်၍ ပြည်သူများ ဈေးနှုန်း သက်သာစွာဖြင့် အဝတ်အထည်များအား အသုံးပြုနိုင်ရေး စနစ်တကျ စဉ်းစား သုံးသပ်ဆောင်ရွက်ကြရန်လို။

Add new comment