ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ဇွန်လ ၁၀ ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အာရပ် စော်ဘွားများ ပြည်ထောင်စုနိုင်ငံ(ယူအေအီး) သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘော တူညီပြီးဖြစ်သည့် မစ္စတာမူတာ့ဇ်အဗ္ဗဒူလာ အဗ္ဗဒူလ်ဂျာလဲလ် မိုဟာမက်အယ်လ်ဖာ ဟင်းမ်နှင့် သီရိလင်္ကာ ဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘော တူညီပြီးဖြစ်သည့် မစ္စစ်ပွန်နမ်ပီရူးမား အာရာချ်ချီဂီပရာဘာရှီနီ ပွန်နမ်ပီရူးမားတို့အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏ ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါသည်။
- အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ (ယူအေအီး) သံအမတ်ကြီးအား မြန်မာ-ယူအေအီး နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအားလည်းကောင်း။
- သီရိလင်္ကာ ဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးအား မြန်မာ-သီရိလင်္ကာနှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့်အကျိုး တူပူးပေါင်း ဆောင်ရွက်မှုများပိုမိုမြှင့်တင်ရေး၊ မြန်မာနိုင်ငံရောက် သီရိလင်္ကာ နိုင်ငံသားများအတွက် ကောင်စစ်ဆိုင်ရာ အကူအညီပေးနိုင်ရေးကိစ္စရပ်များအား လည်းကောင်း ဆွေးနွေးခဲ့။
ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ သံအမတ်ကြီးတို့အား ပထမဦးဆုံး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်၍ ခန့်အပ်တာဝန်ပေးခြင်း ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၆-၂၀၂၄)
- ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် မြန်မာနိုင်ငံရောက် သီရိလင်္ကာနိုင်ငံသား များအတွက် ကောင်စစ်ဆိုင်ရာ အကူအညီပေးနိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့။
Add new comment