နယ်မြေတည်ငြိမ်အေးချမ်းလာသဖြင့် လွိုင်ကော်မြို့ဝန်းကျင်၌ တပ်မတော်မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လယ်တဲ့ကျေးရွာ၊ ကုန်းသာကျေးရွာ၊ ထီရိကျေးရွာ နှင့် ကယန်းသာယာကျေးရွာများရှိ ဒေသခံပြည်သူများအား ဇွန်လ ၈ ရက်တွင် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် စာသင်ကျောင်းများ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင် ရွက်ပေးခဲ့ပါသည်။

  • ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၁၁၃၅ ဦး တို့ ကို သွားနှင့်ခံတွင်းရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အရိုးအကြောရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ် ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့။
  • အလားတူ တောင်ကြီး-ဆီဆိုင်-လွိုင်လင်လေး-လွိုင်ကော် ကားလမ်းကြောင်း အား ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး လမ်းဘေးဝဲယာတစ်လျှောက်ရှိ ကျေးရွာများအား ၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက်မှစ၍ ကျန်းမာရေးဆေးကုသမှုများ ဆောင်ရွက်ပေး လျက်ရှိ။

          ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို လွိုင်ကော်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဆန်၊ ငါး ခြောက်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၆-၂၀၂၄)

  • အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က လွိုင်ကော်မြို့နယ် အတွင်းရှိ ကျေးရွာ ၄ ရွာမှ ဒေသခံပြည်သူ ၁၁၃၅ ဦးတို့အား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး တပ်နယ်မှ တာဝန်ရှိသူများက သွား ရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့။

 

Add new comment