ပြင်ဦးလွင်မြို့နယ်ရှိ ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များအား လက်နက်တပ်ဆင် အပ်နှင်းခြင်းနှင့် ထောက်ပံ့ပစ္စည်းပေးအပ်

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်မြို့နယ်ရှိ ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင် များအား လက်နက်တပ်ဆင်အပ်နှင်းခြင်းနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းကို ဇွန်လ ၅ ရက်တွင် ပြင်ဦးလွင်မြို့၊ နယ်မြေခံသင်တန်းကျောင်းရှိ မင်းရဲကျော်စွာအားကစား ခန်းမ၌ ပြုလုပ်ရာ ပြင်ဦးလွင်တပ်နယ် တပ်နယ်မှူးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ တပ်နယ်မှူးက အမှာစကားပြောကြားပြီးနောက် တပ်နယ်မှူးနှင့် တာဝန်ရှိ သူများက ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များအတွက် လက်နက်များ တပ်ဆင်အပ်နှင်း ပေးပြီး ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်၍ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၆-၂၀၂၄)

  • တပ်နယ်မှူးနှင့် တာဝန်ရှိ သူများက ပြင်ဦးလွင်မြို့နယ်ရှိ ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များအား လက်နက်တပ်ဆင် အပ်နှင်းခြင်းနှင့် ထောက်ပံ့ပစ္စည်း ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့။

Add new comment