နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများနှင့် နယ်စပ်ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၂၄ ရက်အထိကာလအတွင်း ပဲမျိုးစုံတင် ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းကုန်သွယ်ရေးမှ ၄၀၂,၂၁၅ ဒသမ ၉၃၆ တန်၊ နယ်စပ်ကုန်သွယ်ရေးမှ ၁၃,၆၀၃ ဒသမ ၉၄၃ တန် စုစုပေါင်း ၄၁၅,၈၁၉ ဒသမ ၈၇၉ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၅၇ ဒသမ ၀၁၄ သန်းရရှိခဲ့။
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၂၄ ရက်အထိကာလအတွင်း လယ်ယာ ထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် ပုဂ္ဂလိကကဏ္ဍတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၆၂ ဒသမ ၂၇၉ သန်းရရှိခဲ့။
- ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆန်/ ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅ သန်းတင်ပို့ရန် လျာထားမှုအပေါ် ၂၀၂၄ ခုနှစ် ဇွန် ၄ ရက် စာရင်းများအရ ရန်ကုန်အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းရှစ်ခုတွင် ဆန်တင်ပို့နိုင်ရန် ဆန်သင်္ဘောရှစ်စင်း ဆိုက်ကပ်လျက် ရှိပြီး ဆန်တန်ချိန် စုစုပေါင်း ၁၃၅,၉၂၀ တန် တင်ပို့သွားမည်ဖြစ်သည့်အပြင် ဆန်တန်ချိန် တန် ၇၄၀၀၀ တင်ပို့ရန်အတွက် သင်္ဘော လေးစင်း ထပ်မံရောက်ရှိ လာမည်ဖြစ်။
ပြည်ပသို့ သစ်တောထွက်ပစ္စည်းအပြင် လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက် ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္ထုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် တခြားပို့ကုန်ပစ္စည်း များ တင်ပို့လျက်ရှိရာ ပြည်ပပို့ကုန်စုစုပေါင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁,၉၉၇ ဒသမ ၂၇ သန်း ရရှိခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၆-၂၀၂၄)
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၂၄ ရက်အထိကာလအတွင်း-
- ပဲမျိုးစုံတင်ပို့မှုအနေဖြင့် စုစုပေါင်း ၄၁၅,၈၁၉ ဒသမ ၈၇၉ တန် တင်ပို့ နိုင် ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၅၇ ဒသမ ၀၁၄ သန်းရရှိခဲ့။
- လယ်ယာထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် ပုဂ္ဂလိကကဏ္ဍတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၈၆၂ ဒသမ ၂၇၉ သန်းရရှိခဲ့။
- ပြည်ပပို့ကုန်စုစုပေါင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁,၉၉၇ ဒသမ ၂၇ သန်း ရရှိခဲ့။
Add new comment