တရားမဝင်ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာဖြစ်သည့် RFA Burmese မှ တင်ထားသော စစ်တွေမြို့၊ ကံပြင်ရွာသစ်နှင့် ရွာဟောင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့ဟူသည့် သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ ဗျိုင်းဖြူကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်နေခြင်းသာရှိကြောင်းနှင့် အနီးဝန်းကျင်ကျေးရွာများသို့ သွားရောက်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာဖြစ်သည့် Khit Thit Media မှ တင်ထားသော တနင်္သာရီ မြို့နယ်၊ သိန္ဓောကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါကျေးရွာနှင့် အနီးဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာဖြစ်သည့် RFA Burmese မှ တင်ထားသော ကလေးမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်း အမှန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အများပြည်သူများ ကြောက်ရွံ့ထိတ် လန့်စေရန်နှင့် အထင်အမြင်လွဲမှားစေရန်အတွက် ဖြစ်စဉ်ဖြစ်ရပ်များအား အခြေ ခံ၍ လုပ်ကြံရေးသားထားသည့် သတင်းအတုများကို ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော် ဝါဒဖြန့်လျက်ရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာဖြစ်သည့် Khit Thit Media မှ တင်ထားသော ဘုတလင်မြို့နယ်၊ စီပါကျေးရွာရှိ ဒေသခံပြည်သူ ၁၀ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ဟူ သည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် မိုင်းထောင်နေသည့် PDF အကြမ်းဖက်သမားများအား တွေ့ရှိ သဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမားများ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာဖြစ်သည့် Khit Thit Media မှ တင်ထားသော ပန်းတောင်း မြို့နယ်၊ ဥသျှစ်ပင်မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များ၊ လမ်းများပေါ်တွင် အကြောင်းမျိုးစုံပြ၍ လူငယ် ၁၀၀ ကျော်ကို စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးခဲ့ ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာဆောင်ရွက်မှု စစ်ဆေးခြင်းများနှင့် လုံခြုံရေးအရ လိုအပ် သည့်စစ်ဆေးမှုများ ဆောင်ရွက်နေခြင်းသာရှိကြောင်းနှင့် လူငယ်များအား ဖမ်းဆီး ခေါ်ဆောင်သွားခြင်းလုံးဝမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာဖြစ်သည့် Khit Thit Media မှ တင်ထားသော မင်းလှနှင့် ကျောက်တံခါးမြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများကိုသတ်ဖြတ် ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ဖြစ်စဉ်အမှန်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် PDF အကြမ်းဖက်သမားများ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် သမားများထံမှ အလောင်း ၂ လောင်း၊ လက်လုပ်သေနတ် ၂ လက်နှင့် ဖောက်ခွဲ ရေးပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ် ခဲ့ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာဖြစ်သည့် The Irrawaddy- Burmese Edition မှ တင်ထားသော ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် စစ်မှုထမ်းရန် အမျိုးသမီး များကို အတင်းအကျပ် စတင်စုဆောင်းနေဟူသည့်သတင်းသည် လုပ်ကြံသတင်း အမှားဖြစ်ပြီး အဆိုပါသတင်းနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ မှန်ကန်မှုမရှိကြောင်း သိရှိရ။ နိုင်ငံတော်အစိုးရမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ် သည့်နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများအပေါ် စိုးရိမ်ထိတ်လန့်စေရန်နှင့် ရွံရှာမုန်းတီးစေရန်အတွက် အမျိုး မျိုးသော မဟုတ်မမှန်ကောလာဟလသတင်းအမှားများကို အွန်လိုင်းပေါ်မှ ဝါဒဖြန့်လှုံ့ ဆော်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၆-၂၀၂၄)
- စစ်တွေမြို့၊ ကံပြင်ရွာသစ်နှင့် ရွာဟောင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့ ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
- တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်။
- ဥသျှစ်ပင်မြို့တွင် အကြောင်းမျိုးစုံပြ၍ လူငယ် ၁၀၀ ကျော်ကို စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
- မင်းလှနှင့် ကျောက်တံခါးမြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများကို သတ်ဖြတ်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
- ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် စစ်မှုထမ်းရန် အမျိုးသမီး များကို အတင်းအကျပ် စတင်စုဆောင်းနေဟူသည့်သတင်းသည် လုပ်ကြံသတင်း အမှားဖြစ်။
Add new comment